Home / 2020 / May / 31

Daily Archives: May 31, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ရှိ facility quarantine စခန်းသို့ သွားရောက်ကြည့်ရှုအားပေး

မေ ၃၁ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးစီးမှူး၊ ပဲခူးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ မေလ (၃၁)ရက်နေ့ မွန်းလွဲ(၂)နာရီက ပဲခူးမြို့ တပ်မ(၇၇)အနီး အသောက ဘုန်းတော်ကြီးကျောင်းရှိ နေရပ်ပြန်ပြည်သူများထားရှိရာ facility quarantine စခန်းအား သွားရောက်ကြည့်ရှု၍ အားပေးစကားများ ပြောကြားကြောင်း သိရသည်။ ရှေးဦးစွာ အသောက ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်အား ကန်တော့၍ ဘုန်းတော်ကြီးကျောင်းတွင် နေရပ်ပြန်များထားရှိမှုနှင့်ပတ်သက်၍ လျောက်ထားမေးမြန်းခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါ နေရပ်ပြန်ပြည်သူများအား စောင့်ကြပ်ကြည့်ရှုပေးနေသော စေတနာ့ဝန်ထမ်းအဖွဲ့ကို တွေ့ဆုံကာ အားပေးစကားများပြောကြားပြီး လိုအပ်သည်များကို မိမိတို့အစိုးရအနေဖြင့် ထောက်ပံကူညီပေးရန် ရှိကြောင်းနှင့် စေတနာ့ဝန်ထမ်းများအနေဖြင့် မိမိတို့ကျန်းမာရေးကို အထူးဂရုပြုရန်၊ ယခုကဲ့သို့ နေအိမ်သို့မပြန်ပဲ တစ်ထောင့်တစ်နေရာမှ ကိုယ်ကြိုးစွန့် ကူညီပေးနေမှုအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပေးသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ထိုင်းနိုင်ငံနှင့် …

Read More »

မေလ(၃၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

မေ ၃၁ (ပဲခူး) =============== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃၁-၅-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၃၇၅)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၆၆၃)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူမရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၆၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၅၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၉၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၄၇၁)ခု၌ …

Read More »