Home / 2020 / June / 01

Daily Archives: June 1, 2020

ဇွန်လ(၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

1-6

ဇွန် ၁ (ပဲခူး) =============== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၀၃)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၆၇၇)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူမရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၆၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၉၁)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူမရှိကြောင်း၊  သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၆၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့တွင် ဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းဖွင့်ပွဲသို့တက်ရောက်

FI

ဇွန် ၁ (ပဲခူး) ————————- အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ စီစဉ်မှု၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း(ပဲခူးတိုင်းဒေသကြီး)တို့၏ ကြီးကြပ်မှုဖြင့် ဇွန်လ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ပဲခူးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (Volunteer)များအတွက် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ပဲခူးမြို့နယ်အတွင်းမှ COVID-19ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဥ်များတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ရန် ဆန္ဒပြုထားကြသည့် စေတနာ့ဝန်ထမ်းများအတွက် ဆင့်ပွားသင်တန်းဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်း(၁)ဦးစီအတွက် လုံခြုံရေးအကာအကွယ်များ‌‌ ဆောင်ရွက်ပေးခြင်း၊ အနေအထိုင် အစားအသောက် အသွားအလာများတွင် လိုအပ်ချက်များ ပံ့ပိုးကူညီပေးခြင်း၊ လုံလောက်သောအပန်းဖြေ အနားယူမှုရှိစေခြင်းနှင့် နိုင်ငံတော်မှ အသိအမှတ်ပြု ကဒ်ပြားများ၊ တံဆိပ်များချီးမြှင့်ခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လက်တွေ့ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက ဆရာများအား မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ …

Read More »