Home / 2020 / June / 02

Daily Archives: June 2, 2020

ဇွန်လ(၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

2-6

ဇွန် ၂ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၇၁)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၆၈၂)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူမရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၇၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၇၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူမရှိကြောင်း၊  သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၇၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine …

Read More »

ပဲခူးမြို့၊ မြို့ဦးကင်းအနီး စျေးသစ်တည်ဆောက်နိုင်ရေး အစည်းအဝေးကျင်းပပြုလုပ်

FI

ဇွန် ၂ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇွန်လ(၂)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးမြို့၊ မြို့ဦးကင်းအနီး စျေးသစ်တည်ဆောက်နိုင်ရေး အစည်းအဝေးကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြို့အတွင်း ခေတ်အဆက်ဆက် တည်ဆောက်ခဲ့သော စျေးများရှိသော်လည်း တိုးတက်လာသည့် မြို့ပြလူဦးရေကြောင့် စျေးဟောင်းများတွင် ထပ်မံစျေးတိုးချဲ့ရန် မြေနေရာမရှိခြင်း၊ တိုးတက်လာသော မြိုပြတစ်ခုနှင့် ကိုက်ညီသော စျေးသစ်များ ထပ်မံလိုအပ်လာပြီဖြစ်ကြောင်း၊ ပဲခူးမြို့အဝင်တွင် တက္ကသိုလ်၊ စက်ရုံ/အလုပ်ရုံများအတွက် အသုံးပြုရန် မြို့ဦးကင်းအနီး စျေးသစ်တည်ဆောက်နိုင်ရေး ဆောင်ရွက်ရခြင်းဖြစ်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ လျော့ချပေးနိုင်ခြင်းနှင့် ပြည်သူများ သန့်ရှင်းပြီး စနစ်ကျသော စျေးများတွင် လွတ်လပ်စွာ ဝယ်ယူ ရောင်းချနိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့ဦးကင်းအနီး စျေးသစ်တည်ဆောက် အကောင်အထည်ဖော်ရေး အဖွဲ့ခေါင်းဆောာင်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက စျေးသစ်တည်ဆောက်နိုင်ရေး ကော်မတီဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်ရမည့် …

Read More »