Home / 2020 / June / 03

Daily Archives: June 3, 2020

ဇွန်လ(၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

3-6

ဇွန် ၃ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၆၆၈)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပဲခူးဆေးရုံ(ကလိ)၌ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၄၆)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူမရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၉၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၉၄၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၉၃၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine …

Read More »

ပဲခူးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

FI

ဇွန် ၃ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇွန်လ(၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နေ့စဉ် ပဲခူးတိုင်းဒေသကြီးအတွင်းသို့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများမှ နေရပ်ပြန်ပြည်သူများ ရောက်ရှိလျက်ရှိကြောင်း၊ ဒီကနေ့မှာလည်း ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (၁)ဦးထံမှ Covid-19 ရောဂါတွေ့ရှိရကြောင်း၊ ယင်းလူနာကိုလည်း ပဲခူးမြို့၊ ကလိဆေးရုံမှာ သမားတော်များနှင့် အထူးကြပ်မတ် စောင့်ရှောက်ပေးလျက်ရှိသည်ကိုလည်း သိရှိရကြောင်း၊ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ဘယ်သူမဆို ရောဂါလက္ခဏာမပြသော်လည်း ရောဂါပိုးသယ်ဆောင်သူ ဖြစ်နိုင်ကြောင်း၊ ဒါကြောင့် ပြည်သူများအနေဖြင့် အပြင်ထွက်ရာတွင် သတ်မှတ်စည်းကမ်းချက်များအတိုင်း စနစ်တကျ Mask တပ်ဆင်သွားလာရန်၊ Facility Quarantine စခန်းများရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လုံလောက်အောင် ဖြည့်ဆည်းပေးရန်၊ Facility …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ COVID-19အတွက် အထောက်အပံ့ပစ္စည်းများ လာရောက်လှူဒါန်း

FI

ဇွန် ၃ (ပဲခူး) ———————– ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်၏ဧည့်ခန်းမသို့ ဇွန်လ(၃)ရက်နေ့ နေ့လည်(၁:၃၀)နာရီအချန်က Embassy of Denmark(Myanmar)မှ Isolation Gownဝတ်စုံများ လာရောက်လှူဒါန်းကြသည်။ ရှေးဦးစွာ Embassy of Denmark(Myanmar)မှ ဦးအောင်ဖြိုးချစ်က Isolation Gownဝတ်စုံများလာရောက်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးတို့ထံ Isolation Gownဝတ်စုံ(၁၅၀၀)စုံအား ပေးအပ်လှူဒါန်းသည်။ ထို့နောက်ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ပြီး လာရောက်လှူဒါန်းပေးမှုအပေါ်ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ Embassy of Denmark(Myanmar)မှ ဦးအောင်ဖြိုးချစ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။

Read More »

e-Government လုပ်ငန်းစဉ်များ အရှိန်အဟုတ်မပြတ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဇွန် ၃ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇွန်လ(၃)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း e-Government လုပ်ငန်းစဉ်များ အရှိန်အဟုတ်မပြတ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတစ်ခု အဂတိကင်းရှင်းပြီး ဌာနဆိုင်ရာရုံးလုပ်ငန်းများ လုံခြုံမြန်ဆန်စေရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရန် e-Government လုပ်ငန်းစဉ်သည် အလွန်အရေးကြီးကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း e-Government အခြေခံဖြစ်သည့် e-Office System များလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်တို့တွင်လည်း e-Government အထောက်အကူပြု သင်တန်းများလည်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ Covid-19 ရောဂါ ထိန်းချုပ်ကာလပြီးဆုံးခဲ့ပါက ပဲခူးခရိုင်အတွက် e-Government အထောက်အကူပြု သင်တန်းများပေးနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် e-Government အကောင်အထည်ဖော်ရေး …

Read More »