Home / 2020 / June / 08

Daily Archives: June 8, 2020

ဇွန်လ(၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

8-6

ဇွန် ၈ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၈-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၂၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၄၃၂)ဦးရှိပြီး သံသယလူနာ(၁)ဦး၊ Covid-19 ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပဲခူးဆေးရုံ(ကလိ)၌ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၈၂၀)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ်(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၉၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၈၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၉၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် …

Read More »

ပဲခူးမြို့၌ ဥပဒေအရာရှိအဆင့်-၄(အစမ်းခန့်)များအား လုပ်ငန်းခွင့်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၀)ဖွင့်လှစ်

0-02-08-7627e354f289b325f187b96386acf8a1cbd2a0faa8f6dfb8a9d369abf02248a6_63de9f28

ဇွန် ၈ (ပဲခူး) ====================== ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအရာရှိ-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၀)ကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ(၆)ရက်နေ့၊ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးခင်မောင်လွင်နှင့် သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူ (၃၉)ဦး တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်က အဖွင့်အမှာစကား ပြောကြားရာ ဥပဒေဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ဥပဒေပညာရပ်များကို အသေးစိတ် နားလည်သိရှိထားရန်၊ အဂတိတရားကင်းရှင်းသော ဥပဒေရပ်ဝန်း တစ်ခုဖြစ်ရန် အလွန်အရေးကြီးကြောင်း၊ ယနေ့ နိုင်ငံတော်သည် နိုင်ငံတကာနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့အား ချိတ်ဆက်ဆောင်ရွက်လျက်ရှိနေသဖြင့် နိုင်ငံအတွင်း ဥပဒေပညာရပ်များအပြင် ပြည်ပနိုင်ငံများ၏ ဥပဒေများ၊ စီရင်ထုံးများကိုလည်း လေ့လာသိရှိထားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် သင်တန်းသား/သူများအနေဖြင့် သင်တန်းစည်းကမ်းများကို အထူးအလေးထား လိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။ အဆိုပါသင်တန်းသည် နိုင်ငံဝန်ထမ်း ကျင့်ဝတ်သိက္ခာနှင့် …

Read More »