Home / 2020 / June / 11

Daily Archives: June 11, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း (၆)ထပ်စုပေါင်းရုံး တည်ဆောက်နေမှုနှင့် ကျုံးကူးတံတား တည်ဆောက်မည့် နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

ဇွန် ၁၁ (ပဲခူး) ————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၁၁)ရက်နေ့ ညနေ(၅)နာရီအချိန်က ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပဲခူးမြို့တွင် (၆)ထပ်စုပေါင်းရုံတည်ဆောက်နေမှုနှင့် ကျုံးကူးတံတားတည်ဆောက်မည့် နေရာတို့အား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ ဥဿာမြို့သစ်(၇)ရပ်ကွက်၊ မြေတိုင်း(၂)၊ ဓမ္မစေတီလမ်း၊ ကုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံအနီးတွင် ဆုရဲဖြိုးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် (၆)ထပ်စုပေါင်းရုံးအား သွားရောက်ကြည့်ရှုရာ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးတို့က တည်ဆောက်ပြီးစီးမှုအ‌ခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အဆောက်အဦးပြီးစီးပါက ထားရှိမည့် ဌာနများအား စီစဉ်ထားသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ (၆)ထပ် စုပေါင်းရုံးသည် RC အဆောက်အဦဖြစ်ပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် (၆၁၅.၆၀၂)သန်းဖြင့် ဆောက်လုပ်ခဲ့ရာ ယခုအခါ(၈၅%) ပြီးစီးနေပြီဖြစ်သည်။ ယင်းအဆောက်အဦအား ၂၀၁၉-၂၀၂၀ …

Read More »

ဇွန်လ(၁၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

11-6

ဇွန် ၁၁ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၁-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၉၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၈၅၀)ဦးရှိပြီး Covid-19 ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပဲခူးဆေးရုံ(ကလိ)၌ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၀၄၀)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ်(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၇၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၁၁)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ်(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၇၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility …

Read More »

Covid-19 ကပ်ရောဂါ ကာလအလွန်တွင် အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာသင်တန်းများ ဖွင့်လှစ်မည်ဖြစ်

IMG_20190718_144539

ဇွန် ၁၁ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအတွင်းရှိပြည်သူများအတွက် (Covid-19) ကပ်ရောဂါကြောင့် ထိခိုက်မှုများ လျှင်မြန်စွာ ပြန်လည်ကုစားနိုင်ရေး၊  အသက်မွေးဝမ်းကျောင်းလုပ်ငန်း တပိုင်တနိုင် ထူထောင်နိုင်ရန် နှင့် ဝင်ငွေရရှိစေရန် ပဲခူးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု နည်းပညာသင်တန်းများကို အခမဲ့ ဖွင့်လှစ်ပို့ချ ပေးသွားမည် ဖြစ်ပါသည်။ ဖွင့်လှစ်ပို့ချမည့် သင်တန်းများမှာ- တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၆) ရက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၆) ရက် ဝါးလက်မှုအနုထည်သင်တန်း (၁၁) ရက် စက်ရက်ကန်းသင်တန်း (၂၄) ရက် အိတ်အမျိုးမျိုးချုပ်လုပ်မှုသင်တန်း (၂၄) ရက် သင်တန်းသုံးအထောက်အကူပြုပစ္စည်း၊ သင်တန်းသုံးကုန်ကြမ်းများကို အခမဲ့ သုံးစွဲနိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးကြောင်းလက်မှတ်များကို ချီးမြှင့် သွားပါမည်။ အခြေခံပညာ အလယ်တန်းအဆင့် ရှိသည့် မည်သူမဆို မိမိစိတ်ပါဝင်စားသော သင်တန်းများ တက်ရောက်၍ လုပ်ငန်းတည်ထောင်နိုင်ရန် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါသည်။ …

Read More »

ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

FI

ပဲခူး ဇွန် ၁၁ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇွန်လ(၁၁)ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် သန့်ရှင်းသောအစိုးရတစ်ရပ် ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ် ချက်ကောင်းများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိနေသည်ကို သိရှိရပါကြောင်း၊ ယခုလာရောက်ပေးအပ်သည့် စာစောင်များမှတစ်ဆင့် အစိုးရဌာနဆိုင်ရာများ၊ ကျောင်းသား သူငယ်များ၊ တက္ကသိုလ်အဆင့် ကျောင်းသားကျောင်းသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာဗဟုသုတများ တိုးပွားလာစေနိုင်မည် ဖြစ်ပြီး အဂတိလိုက်စားမှုကို မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းကို ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စာစောင်များ လွှဲပြောင်းပေး ခြင်း အပေါ် …

Read More »