Home / 2020 / June / 12

Daily Archives: June 12, 2020

မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

FI

ဇွန် ၁၂ (မိုးညို) ========================= မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးညိုမြို့ ပြည်သူ့ဆေးရုံဘေးပတ်လမ်း မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့နိုင်ငံသား လုပ်ငန်းရှင်များအား မြန်မာ(ကျပ်)ငွေဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်———————–

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသခြင်းလုပ်ငန်းများတွင် ကျန်းမာရေးသုံးပစ္စည်းများ ဝယ်ယူအသုံးပြုရန် လာရောက်ထောက်ပံ့

FI

ဇွန် ၁၂ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသခြင်းလုပ်ငန်းများတွင် လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများ ဝယ်ယူအသုံးပြုရန် ဥဿာဂေါက်ကွင်း အုပ်ချုပ်မှုကော်မတီမှ ထောက်ပံ့ငွေ ကျပ်သိန်း(၅၀) လာရောက်ထောက်ပံ့ပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါနှင့်ပတ်သက်၍  Facility Quarantine စခန်းများတွင် စောင့်ရှောက်ပေးနေမှုနှင့် သံသယလူနာများအား သက်ဆိုင်ရာခရိုင်အဆင့် ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပဲခူးမြို့၊ ဥဿာဂေါက်ကွင်း အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်မှ ထောက်ပံ့ငွေကျပ် သိန်း(၅၀)အား ပေးအပ်ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ညွှန်ကြားရေးမှူး ဦးအောင်ဟိန်းကျော်၊ ဥဿာဂေါက်ကွင်း …

Read More »

ဇွန်လ (၁၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

12-6

ဇွန် ၁၂ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၂-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၀၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၉၆၇)ဦးရှိပြီး Covid-19 ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပဲခူးဆေးရုံ(ကလိ)၌ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၀၆၀)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ်(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၈၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၁၉)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ်(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၇၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility …

Read More »