Home / 2020 / June / 13

Daily Archives: June 13, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူနှင့် ရေတာရှည်မြို့နယ်အတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး

FI

ဇွန် ၁၃ (တောင်ငူ) ——————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၁၃)ရက်နေ့ နံနက်(၇:၃၀)နာရီအချိန်က တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်အတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ရှိ သမိုင်းဝင်နေရာများဖြစ်သည့် ယိုးဒယားပေါက်မှ ဘုရင့်နောင်ရုပ်ထုအထိ ကျုံးပတ်လမ်းများ ဖော်ဆောင်နေမှု၊ ကျုံးအတွင်းဒိုက်များ၊ အမှိုက်များ ဆယ်ယူရှင်းလင်းဆောင်ရွက်ထားရှိမှု၊ မြို့ဟောင်းကျုံးများ ပြန်လည်တူးဖော်ထားရှိမှုအခြေအနေများနှင့် ကျုံးပတ်လမ်း ပြန်လည်ဖော်ဆောင် ခင်းကျင်းနေမှုများအားလည်းကောင်း၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ မြို့အတွင်း ရှေးဟောင်းသမိုင်းဝင် နေရာများနှင့် အမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုရာ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်က ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ …

Read More »

ဇွန်လ (၁၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

13-6

ဇွန် ၁၃ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၃-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၀၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၀၂၀)ဦး၊ သံသယလူနာ(၁)ဦးရှိပြီး Covid-19 ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပဲခူးဆေးရုံ(ကလိ)၌ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၀၉၈)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ်(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၈၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၃၉)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ်(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၉၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် …

Read More »