Home / 2020 / June / 14

Daily Archives: June 14, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ထောက်ပံ့ငွေများပေးအပ်

FI

ဇွန် ၁၄ (ရေတာရှည်) ———————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများအတူ ရေတာရှည်မြို့နယ် အတွင်း ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်နန်ချွန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၀၀’×၃၀’) RC(၁)ထပ် တိုးချဲ့ကျောင်းဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး စာသင်ကျောင်းခန်းမဆောင်၌ ရေတာရှည်မြို့နယ် ပေါက်ချောင်းအုပ်စု စိမ့်ရွာမီးလင်းရေးနှင့် ကုန်းကြီးကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာ မီးလင်းရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည့်အပြင် ကြံသနွယ်ကျေးရွာနှင့် ဆတ်တစ်ကျေးရွာကြား ကျေးရွာလမ်း တိုးချဲ့ဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်သမားများအတွက် နစ်နာကြေးငွေများ‌ပေးအပ်ခြင်း၊ ဆရာဆရာမများအတွက် ရေမလို လက်သန့်ဆေးရည်များနှင့် နှာခေါင်းစည်း(mask) များပေးအပ်လှူဒါန်းခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် ဂွေးချောင်းရိုး တူးဖော်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်နေသော နှစ်ဖက်လယ်သမားများအား သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ခု …

Read More »

ဇွန်လ (၁၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

14-6

ဇွန် ၁၄ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၄-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၀၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၀၂၈)ဦး၊ သံသယလူနာ(၂)ဦးရှိပြီး Covid-19 ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပဲခူးဆေးရုံ(ကလိ)၌ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၁၅၉)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ်(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၂၅)ဦးရှိပြီး ဆေးရုံတွင် ဆေးရုံတွင် သံသယလူနာအဖြစ်(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၃၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်​ရောက် စိုက်ပျိုး​ပေး

104018744_891931307953277_7965502794513509176_n

ဇွန် ၁၄ (ရေတာရှည်) ——————- ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ ကြံသနွယ်ကျေးရွာနှင့် ဆပ်တစ်ကျေးရွာတို့တွင် ဇွန် (၁၄) ရက်နေ့ နံနက် (၈) နနာရီအချိန်က မိုးရာသီသစ်ပင်စိုက် ပျိုးပွဲတော်ကျင်းပပြုလုပ်သည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆပ်တစ်ကျေးရွာနှင့် ကြံသနွယ်ကျေးရွာ ကျေးရွာချင်းဆက် လမ်းတစ်လျောက်နှင့် ကြံသနွယ်ကျေးရွာစာသင်ကျောင်းဝန်းအတွင်း အရိပ်ရသစ်ပင်ပေါင်း(၂၂၀)ပင်ကို စိုက်ပျိုးပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »