Home / 2020 / June / 16

Daily Archives: June 16, 2020

ဇွန်လ(၁၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

16-6

ဇွန် ၁၆ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၆-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၁၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၉၁၇)ဦး၊ သံသယလူနာ(၂)ဦးရှိပြီး Covid-19 ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပဲခူးဆေးရုံ(ကလိ)၌ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၀၃၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၃)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၉၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၅၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၃၄)ခု၌ …

Read More »

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်လှူုဒါန်း

FI

ဇွန် ၁၆ (ပဲခူး) ================== ဇွန်လ(၁၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ရုံးခန်းသို့ Tianjin Golden Mountain Trade(Myanmar) Co., Ltd မှ Managing Director Mr. Shen Zhen Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ(၃၀)စုံနှင့် Mask (၅၀၀၀)ခုတို့အား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

Read More »

ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

FI

ဇွန် ၁၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇွန်လ(၁၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ ယဉ်ကျေးမှုအ‌မွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ‌ရေးဆွဲခြင်း နှင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများအား ဇုန်များသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံအနှံ့အပြားတွင် ကမ္ဘာ့အဆင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဒေသအဆင့် ယဉ်ကျေးမှုအမွေအနှစ်များရှိသည့်အနက် ပဲခူးတိုင်းဒေသကြီးတွင်လည်း ကမ္ဘာ့အဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သရေခေတ္တရာ(ပျူယဉ်ကျေးမှုအမွေအနှစ်)ဒေသ၊ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ဒုတိယမြန်မာနိုင်ငံတော်၏ မြို့တော်၊ ဟံသာဝတီမြို့တော် တည်ရှိခဲ့သည့် ကမ္ဘောဇသာဒီနန်းတော်၊ ဒေသဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ဇယားဝင် အဆောက်အအုံအဖြစ် ဟံသာဝတီမြို့ဟောင်း၊ ကျုံးနှင့် မြို့ရိုး၊ ကေတုမတီမြို့ဟောင်း၊ ကျုံးနှင့်မြို့ရိုးတို့ရှိကြောင်း၊ ထပ်မံဖော်ထုတ်ရမည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ကဏ္ဍအလိုက် …

Read More »