Home / 2020 / June / 17

Daily Archives: June 17, 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်လှူဒါန်း

FI

ဇွန် ၁၇ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇွန်လ(၁၇)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူရှင် ပဲခူးမြို့နေ ဦးတင်စိုး+ဒေါ်သန်းသန်းမူ (နေလဝန်းဆန်စက်)မိသားစုမှ အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အလှူရှင် မိသားစုများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ရှေးဦးစွာ အလှူရှင် ပဲခူးမြို့နေ ဦးတင်စိုး+ဒေါ်သန်းသန်းမူ (နေလဝန်းဆန်စက်) မိသားစုမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအတွက် အလှူငွေကျပ် သိန်း(၇၅၀)အား ပေးအပ်လှူဒါန်းရာ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ လက်ခံရယူခဲ့ပြီး၊ …

Read More »

ဇွန်လ(၁၇)ရက်နေ့ သတင်းထုတ်ပြန်ချက်

17-6

ဇွန် ၁၇ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၇-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၀၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၇၉၅)ဦး၊ Covid-19 ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပဲခူးဆေးရုံ(ကလိ)၌ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၉၈၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၃)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၆၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၄၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၂၈)ခု၌ ပြည်ပမှပြန်လာသူ …

Read More »

ရေတာရှည်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

FI

ဇွန် ၁၇ (ရေတာရှည်) =================== ရေတာရှည်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရေတာရှည်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မင်္ဂလာကန်တော်ကြီးရှိ ရှင်ဥပဂုတ္တမထေရ် ကျောင်းဆောင်တော်ကြီးသို့ သွားလမ်းပေါ်၌ ကွန်ကရစ်တံတား  တည်ဆောက်ခြင်းလုပ်ငန်းအား မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ မြန်မာ(ကျပ်)ငွေဖြင့် (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————

Read More »