Home / 2020 / June / 19

Daily Archives: June 19, 2020

ဇွန်လ(၁၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

19-6

ဇွန် ၁၉ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၉-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၉၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၆၈၁)ဦး၊ Covid-19 ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပဲခူးဆေးရုံ(ကလိ)၌ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၈၃၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၆၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၉၇၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၄၇၈)ခု၌ ပြည်ပမှပြန်လာသူ …

Read More »

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ပဲခူးမြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ၌ ကြာဇံကြော်များ သွားရောက်လှူဒါန်း

FI

ဇွန် ၁၉ (ပဲခူး) =================== ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက်(၁၁)နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည်  ပဲခူးမြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ အဟာရဒါနအဖြစ် ကြာဇံကြော်များ သွားရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည်  ဇွန်လ(၁၉)ရက်နေ့ ၊ နံနက်(၁၁)နာရီအချိန်က ပဲခူးမြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့်အတူ ကလေးကုသဆောင်တွင် တက်ရောက်ကုသနေသည့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များအား ကြာဇံကြော်များ သွားရောက်လှူဒါန်းခဲ့ပြီး ဆေးရုံတက်လူနာများနှင့် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။ ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဲခူးတပ်နယ်မှ ဆေးရုံဝင်းအတွင်း တန်ဖိုးသင့် ထမင်း/ဟင်း၊ ဟင်းသီးဟင်းရွက် ရောင်းချနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများအား ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေထားသည့် ငွေစက္ကူ(၁၀၀၀)ကျပ်တန်များ ဝေငှပေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက် မွေးနေ့အလှူအထိမ်းအမှတ်အဖြစ် …

Read More »