Home / 2020 / June / 22

Daily Archives: June 22, 2020

ဇွန်လ(၂၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

22-6

ဇွန် ၂၂ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၂-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၂၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၂၁၂)ဦး၊ ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၆၀၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   ပြည်ခရိုင်အတွင်း Facility Quarantine (၉၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၆၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၃၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၃၆၉)ခု၌ …

Read More »

ပဲခူးမြို့ Isolation Center(ကလိ)တွင် ကုသနေသည့် COVID-19 Confirmed Case အတည်ပြုလူနာ (၂၃၃) ရောဂါပိုးကင်းစင်သွားပြီဖြစ်သဖြင့် ညောင်လေးပင်မြို့သို့ ပြန်လည်ပို့ဆောင်

FI

ဇွန် ၂၂ (ပဲခူး) ==================== ပဲခူးမြို့ Isolation Center (ကလိ) တွင် တက်ရောက်ကုသနေသည့် ညောင်လေပင်းမြို့မှ COVID-19 Confirmed Case အတည်ပြုလူနာ(၂၃၃) ရောဂါပိုးကင်းစင်သွားပြီဖြစ်သဖြင့် ဇွန်လ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ညောင်လေးပင်မြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။ COVID-19 Confirmed Case အတည်ပြုလူနာ(၂၃၃)သည် ပဲခူးမြို့ Isolation Center (ကလိ) တွင် ဇွန်လ(၃)ရက်နေ့မှစတင်၍  COVID-19 ရောဂါအား တက်ရောက်ကုသလျှက်ရှိရာ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက ‌အနီးကပ်ပြုစု ကုသပေးကြရာမှ ရောဂါပိုးကင်းစင်သွားပြီးဖြစ်သဖြင့် ‌ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင် ဦးဆောင်၍ သကျနွယ်လူမှုကူညီရေးအသင်းသားနှင့်အတူ ဆေးရုံလူနာသယ်ယာဉ်ဖြင့် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်  လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။ COVID-19 Confirmed Case အတည်ပြုလူနာ(၂၃၃) ဆေးရုံတက်ရောက်ကုသနေစဉ် နိုင်ငံတော်စရိတ်ဖြင့် …

Read More »

ဇီးကုန်းမြို့၌ ရေနစ်မြှုပ်ပျက်စီးခဲ့သည့် မိုးစပါး စိုက်ဧကများအတွက် ပြန်လည်စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်

FI

ဇီးကုန်း ဇွန်(၂၂) ============================== ဇွန်လ (၂၂) ရက်နေ့ နံနက်(၉:၃၀) အချိန်က ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရေနစ်မြှုပ်ပျက်စီးခဲ့သည့် မိုးစပါး စိုက်ဧက (၇၅၇) ဧကအတွက် ပြန်လည်စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင် မှ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဘေးအန္တာရယ်ဆိုင်ရာ စီးမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှုး ဦးသိန်းဌေးအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးနိုင်ဦးတို့မှ ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဝန်ကြီးမှ တောင်သူများထံ ထောက်ပံ့ငွေပေးအပ်ခဲ့ရာ ဒေသခံတောင်သူ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသည် ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ချောင်း မှ ၂၀၁၉ ခုနှစ်တွင် ဘော်ဘင်ချောင်းရေမြင့်တက်မှုကြောင့် ဇရပ်လှ၊ …

Read More »