Home / 2020 / June / 24

Daily Archives: June 24, 2020

Second World War Memory Park စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

FI

ဇွန် ၂၄ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇွန်လ(၂၄)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ နန်ချွန်ကျေးရွာအနီး မြေကတုတ်ဘန်ကာများ၊ စစ်သုံးလေယာဉ်ကွင်းငယ်တို့ကို ပြန်လည်ဖော်ထုတ် အခြေခံ၍ဆောင်ရွက်မည့် Second World War Memory Park စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာ ရှိသကဲ့သို့ သမိုင်းယဉ်ကျေးမှုအမွေအနှစ် (Historic Heritage)များလည်း များစွာရှိကြောင်း၊ ယခုဖော်ထုတ်မည့် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ နန်ချွန်ကျေးရွာအနီး မြေကတုတ်ဘန်ကာများ၊ စစ်သုံးလေယာဉ်ကွင်းငယ်တို့သည်လည်း သမိုင်းယဉ်ကျေးမှုအမွေအနှစ် (Historic Heritage)များပင်ဖြစ်၍ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဖော်ထုတ်ရခြင်းဖြစ်ကြောင်း၊ သမိုင်းမွေအနှစ်များသည် ဖန်တီးယူ၍မရဘဲ နဂိုကျန်ရှိခဲ့သည့် ပုံစံကိုသာ ဖော်ထုတ်ထိန်းသိမ်းရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် သမိုင်းအမွေအနှစ်ကိုထိန်းသိမ်းပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ …

Read More »

ဇွန်လ(၂၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

24-6

ဇွန် ၂၄ (ပဲခူး) ======================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၄-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၁၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၁၄၂)ဦး၊ ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၂၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   ပြည်ခရိုင်အတွင်း Facility Quarantine (၇၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၈၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၅၁)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၃၄၂)ခု၌ …

Read More »