Home / 2020 / June / 25

Daily Archives: June 25, 2020

နေရပ်ပြန် မြန်မာနိုင်ငံသားများ ကြိုဆို/ပို့ဆောင်နိုင်ရေး အလှူငွေ လာရောက်ထောက်ပံ့

FI

ဇွန် ၂၅ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဇွန်လ(၂၅)ရက်နေ့၊ မွန်းလွဲ(၂:၄၅)အချိန်က Yang Brother National Co., Ltd ဒါရိုက်တာ ဦးသန်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ နေရပ်ပြန် မြန်မာနိုင်ငံသားများ ကြိုဆို/ပို့ဆောင်နိုင်ရေး အလှူငွေ လာရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေနှင့် နေရပ်ပြန် မြန်မာနိုင်ငံသားများအား စနစ်တကျ သယ်ယူပို့ဆောင်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Yang Brother National Co., Ltd ဒါရိုက်တာ ဦးသန်းနိုင် ၊ ဦးထွန်းနိုင်နှင့် ဒေါ်ယန်စုယွေတို့မှ ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့် နေရပ်ပြန် မြန်မာနိုင်ငံသားများ ကြိုဆို/ပို့ဆောင်နိုင်ရေး အလှူငွေ ကျပ်သိန်း(၁၀၀)အား ထောက်ပံ့ပေးအပ်ရာ၊ …

Read More »

ဇွန်လ(၂၅)ရက်နေ့ သတင်းထုတ်ပြန်ချက်

25-6

ဇွန် ၂၅ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၅-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၀၂၉)ဦး၊ ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၄၆၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   ပြည်ခရိုင်အတွင်း Facility Quarantine (၇၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၈၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၄၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၃၃၃)ခု၌ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးတိုင်းဒေသကြီး ပညာရေးကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ တက်ရောက်

FI

ဇွန် ၂၅ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇွန်လ(၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးပညာရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ စာသင်ကျောင်းများ၏ ကျောင်းဆောင်များ ကြံ့ခိုင်မှုအခြေအနေများ စစ်ဆေးရန်၊ Facility Quarantine များပြုလုပ်ခဲ့သည့် ကျောင်းများ ဆေးဖြန်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ လုပ်ဆောင်ထားရန်လိုအပ်ကြောင်း၊ Covid-19 ရောဂါ ဖြစ်ပွားဆဲအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးစန်းအောင်က ပဲခူးတိုင်းဒေသကြီးအတွင်း ပညာရေးနှင့်ပတ်သက်သည့် တိုင်ကြားမှုများ၊ စာသင်ကျောင်းမြေ အငြင်းပွားနေမှု၊ ဆရာ/ဆရာမများ လိုအပ်ချက်နှင့် စာသင်ကျောင်းမြေ ထပ်မံလိုအပ်ချက်နှင့် ကျောင်းဆောင်တိုးချဲ့ရန် လိုအပ်ချက်များအပေါ် Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ခဲ့ရာ၊ တက်ရောက်လာသည့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ …

Read More »