Home / 2020 / June / 26

Daily Archives: June 26, 2020

အများပြည်သူ လမ်းမပေါ်သို့ ကျူးကျော်ခြံစည်းရိုးခတ်ထားမှု တိုင်းကြားစာအပေါ် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ကွင်းဆင်းကြည့်ရှု့စစ်ဆေး

FI

ဇွန်လ ၂၆ (ရွှေတောင်) ——————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၂၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရွှေတောင်မြို့နယ် နွားမယံကျေးရွာသို့ သွားရောက်ပြီး အများပြည်သူလမ်းမပေါ်သို့ ကျူးကျော်ခြံစည်းရိုးခတ်ထားမှု တိုင်းကြားစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဥာဏ်‌ဇော်၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွားမယံကျေးရွာ ရွာဦးကျောင်းဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဘွယ်ဝတ္ထုပစ္စည်းများနှင့် COVID_19ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်ဗူးတို့ကို လှူဒါန်းခဲ့သည်။ ထို့နောက် နွားမယံကျေးရွာအုပ်စု၊ လေးကျွန်းဆီမီးကျေးရွာနေ ဦးအောင်ဆန်းဦးပါ(၅)ဦးမှ အများပြည်သူပိုင် လမ်းမပေါ်သို့ ကျူးကျော်ခြံစည်းရိုးခတ်ထားမှု တိုင်ကြားစာနှင့်ပတ်သက်၍ ဒေသခံများနှင့်တွေ့ဆုံပြီး ဝန်ကြီးချုပ်မှ အမှာစကားပြောကြားခဲ့ကာ ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမှ တိုင်ကြားစာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ နွားမယံကျေးရွာအုပ်စု၊ လေးကျွန်းဆီမီးကျေးရွာနေ ဦးအောင်ဆန်းဦးပါ(၅)ဦးမှ အများပြည်သူပိုင် လမ်းမပေါ်သို့ ကျူးကျော်ခြံစည်းရိုးခတ်ထားမှု တိုင်ကြားစာနှင့်ပတ်သက်၍ …

Read More »

ဇွန်လ(၂၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

26-6

ဇွန် ၂၆ (ပဲခူး) ======================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၆-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၉၄၆)ဦး၊ ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၃၈၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   ပြည်ခရိုင်အတွင်း Facility Quarantine (၆၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၇၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၇၂၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၃၃၉)ခု၌ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပန်းတောင်းမြို့နယ် ဖိုးဦးတောင်စေတီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

FI

ဇွန်လ ၂၆ (ပြည်) ————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသည် ဇွန်လ(၂၆)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပန်းတောင်းမြို့နယ် ဖိုးဦးတောင်စေတီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဥာဏ်‌ဇော်၊ လွှတ်တော်ကိုယ််စားလှယ်များ၊ ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိုးဦးတောင်စေတီနှင့်‌ ရွှေဘုံသာမုနိဘုရား ဂေါပကအဖွဲ့များ တက်ရောက်ကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ မိမိတို့အဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့မှလည်း မိမိတို့နှင့်သက်ဆိုင်ရာကဏ္ဍအလိုက် ပွင့်လင်းစွာ တင်ပြပေးကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းမှ ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖိုးဦးတောင်စေတီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်စီမံထားသည့် …

Read More »