Home / 2020 / June / 27

Daily Archives: June 27, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်ခရိုင် သဲကုန်းမြို့နယ် မြေယာတိုင်ကြားမှု့များနှင့် ပေါင်းတည်မြို့နယ် ကြွယ်လုလင်‌လေးကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ညှိနှိုင်းဆောင်ရွက်

FI

ဇွန် ၂၇ (သဲကုန်း) —————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၂၇)ရက်နေ့ နံနက်(၁၁)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သဲကုန်းမြို့နယ်အတွင်း မြေယာတိုင်ကြားစာများနှင့် ပေါင်းတည်မြို့နယ် ကြွယ်လုလင်လေးကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ကွင်းဆင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲကုန်းမြို့နယ် ရွာသစ်ကျေးရွာအုပ်စု၊ ပွဲပြည့်မျိုးသန့်ခြံသို့ သွားရောက်ပြီး သိမ်းဆည်းခံတောင်သူ(၇၈)ဦးကိုယ်စား ဒေါ်ခင်စန်းနွဲ့မှ တင်ပြထားသည့် မူလလယ်သိမ်းခံတောင်သူများ ဆုံးရှုံးနစ်နာခဲ့ရမှု တင်ပြချက်နှင့် သဲကုန်းမြို့နယ် လယ်ယာမြေစီမံခန့်မှုအဖွဲ့၏ ရင်းတိုက်မှော်ကျေးရွာအုပ်စု၊ မအူပင်ကွေ့ကျေးရွာ လယ်ယာမြေများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)မရရှိသေးသည့် ကိစ္စနှင့်ပတ်သပ်၍ စိစစ်တင်ပြမှုအပေါ်  ကြည့်ရှုစစ်ဆေးပြီး ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းအချိန်တွင် ပေါင်းတည်မြို့သို့သွားရောက်ပြီး ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘုရားငါးဆူကျေးရွာအုပ်စု၊ …

Read More »

ဇွန်လ(၂၇)ရက်နေ့ သတင်းထုတ်ပြန်ချက်

27-6

ဇွန် ၂၇ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၇-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၇၇၈)ဦး၊ ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၃၂၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   ပြည်ခရိုင်အတွင်း Facility Quarantine (၅၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၃၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၉၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၃၃၀)ခု၌ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

FI

ဇွန် ၂၇ (ပြည်) ——————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၂၇)ရက်နေ့ နံနက်(‌၉)နာရီအချိန်က ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသွယ်လင်းကိုမှ ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုနှင့်ပတ်၍ လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ပြည်တက္ကသိုလ်ဘက်စုံသုံး ခန်းမသည် နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးစီးဌာန၊ တည်ဆောပ်ရေး(၁)၊ အဆောက်အဦးအထူးအဖွဲ့(၃)မှ တာဝန်ယူကာ (၁၉၀’×၁၆၄’)(၃)ထပ် RCC အဆောက်အဦအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ပြည်မြို့ ကိုးသောင်းဈေးသို့သွားရောက်ပြီး ဈေးအတွင်းလှည့်လည်ကြည့်ရှုကာ ဈေးရောင်း ဈေးဝယ်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ပြီး နှာခေါင်းစည်း မတပ်ဆင်ထားသူများအား …

Read More »