Home / 2020 / June / 28

Daily Archives: June 28, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း မင်းလှမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး

FI

ဇွန် ၂၈ (မင်းလှ) ———————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၂၈)ရက်နေ့ ညနေ(၃:၃၀)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မင်းလှမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့‌ကြောင်းသိရသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက် ဘူတာလမ်းဆင်းတွင် တည်ဆောက်လျက်ရှိသည့် မြို့ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး တည်ဆောက်‌နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်နေသည့် Beyond Way Company Limited တာဝန်ရှိသူမှ ရှင်းလင်းပြသမှုအ‌ပေါ်  ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် မင်းလှမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် အုတ်စီရေမြောင်းတူးဖော်ခြင်း၊ ပလက်ဖောင်းပြုလုပ်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ မြို့ပတ်လမ်းများအတွင်း အဆင့်မြှင့်လျှပ်စစ်မီးများ တပ်ဆင်ခြင်းလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး၊ မြို့မိ/မြို့ဖများ ဈေးသူဈေးသားများ၏ သဘောထားကိုခံယူ၍ တည်ဆောက်မည့် မြို့မမြောက်ဘက်ဈေးအား …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြို့နယ် လေးမျက်နှာကျေးရွာအုပ်စုတွင် တိုက်နယ်ဆေးရုံ တည်ဆောက်နိုင်ရေး မြေနေရာအား ကွင်းဆင်းကြည့်ရှု

FI

ဇွန် ၂၈ (ဇီးကုန်း) ——————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၂၈)ရက်နေ့  နံနက်(၉)နာရီအချိန်က အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဇီးကုန်းမြို့နယ် လေးမျက်နှာကျေးရွာအုပ်စုတွင် တိုက်နယ်ဆေးရုံတည်ဆောက်နိုင်ရေးအတွက် မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်နယ်ဆေးရုံ တည်ဆောက်နိုင်ရေးအတွက် ဒေသခံပြည်သူများမှ မြေနေရာသတ်မှတ်ရာထားသည့် ဇရပ်လှကျေးရွာအုပ်စု၊ ကျေးနားကျေးရွာရှိ မြေနေရာ(၁)ခု၊ လေးမျက်နှာကျေးရွာအုပ်စု၊ လေးမျက်နှာကျေးရွာရှိ မြေနေရာ(၂)ခုတို့အား ကွင်းဆင်းကြည့်ရှုရာ ပဲခူးတိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမေသူဇော်နှင့် ဇီးကုန်းမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဇော်နိုင်ဦးတို့က တိုက်နယ်ဆေးရုံဆောက်လုပ်ရန်အတွက် လိုအပ်သည့် မြေအနေအထားနှင့် တည်ဆောက်မည့်ပုံစံတို့အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စပါယ်မြှောင်ကျေးရွာအုပ်စု၊ တောင်ရေကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တိုက်နယ်ဆေးရုံတည်ဆောက်ရန် မြေနေရာရွေးချယ်လျာထားမှုကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ မြေယာတိုင်ကြားစာကိစ္စရပ်များနှင့် ပတ်သက်၍ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကြို့ပင်ကောက်မြို့ ဣန္ဒကာရ Quarantine စခန်းတွင် Quarantineဝင်နေသူများ ကြည့်ရှုအားပေးပြီး COVID_19 ကာကွယ်ရေး အထောက်အပံ့ပစ္စည်းများပေးအပ်

FI

ဇွန် ၂၈ (ကြို့ပင်ကောက်) ================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၂၈)ရက်နေ့ နံနက်(၈)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ကြို့ပင်ကောက်မြို့ ဣန္ဒကာရ Quarantine စခန်းတွင် Quarantine ဝင်နေသူများအား ကြည့်ရှုအားပေးပြီး COVID_19‌ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးအတွက် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့ အနောက်ဘုရားကြီးတိုက်သစ်၊ ဣန္ဒကာရ Quarantine စခန်းတွင် Quarantine ဝင်နေသူများအား နှုတ်ဆက်အားပေးစကား ပြောကြားပြီး တာဝန်ရှိသူများထံ COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် PPEဝတ်စုံ(၁၀)စုံနှင့် နှာခေါင်းစည်း(Mask) ၅၀ခုပါ (၆)ဘူးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ကြို့ပင်ကောက်မြို့ ယာယီအခွန်လွတ်ဈေး(၁)သို့ သွားရောက်ပြီး ဈေးအတွင်း …

Read More »

ဇွန်လ (၂၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

28-6

ဇွန် ၂၈ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၈-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၁၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၆၇၈)ဦး၊ ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၂၆၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   ပြည်ခရိုင်အတွင်း Facility Quarantine (၅၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၁၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၇၁)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၃၀၈)ခု၌ …

Read More »