Home / 2020 / June / 30

Daily Archives: June 30, 2020

COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

FI

ဇွန် ၃၀ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ရုံးခန်းသို့ ဇွန်လ(၃၀)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က မေတ္တာပျိုးခင်း ပရဟိတဖောင်ဒေးရှင်းမှ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ မေတ္တာပျိုးခင်း ပရဟိတဖောင်ဒေးရှင်းမှ အသင်းဝင် မခင်မျိုးထွန်းက လာရောက်လှူဒါန်းရခြင်းအား ရှင်းလင်းတင်ပြခဲ့ပြီး Mask(၂၀၀၀၀)ခု၊ အပူချိန်တိုင်းစက်(၁၀)လုံးနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဝယ်ယူရန် အလှူငွေကျပ် သိန်း(၂၀)တို့အား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ မေတ္တာပျိုးခင်း ပရဟိတဖောင်ဒေးရှင်းမှ ဒေါ်ခင်မျိုးထွန်း၊ ဦးကျော်ဝင်းနိုင်နှင့် ဦးမြဝင်းတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ ဆေးဝါးစက်ရုံ တည်ဆောက်နိုင်ရေး လာရောက်တွေ့ဆုံ

FI

ဇွန် ၃၀ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဇွန်လ(၃၀)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ ပဲခူးမြို့နယ်အတွင်း  ဆေးဝါးစက်ရုံ တည်ဆောက်နိုင်ရေး MNO Limited မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ MNO Limited မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းထွန်းဝင်းက ပဲခူးမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ ဆေးဝါးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ မိမိတို့တည်ဆောက်မည့် ဆေးဝါးစက်ရုံတွင် လုပ်သားအင်အား(၃၀၀၀)ကျော်ခန့်အား အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်မည်ဖြစ်ပြီး အခြေခံလစာ(၅)သိန်းမှ စတင်မည်ဖြစ်ကြောင်း၊ လူနေအိမ်ရာများနှင့် အလှမ်းကွာဝေးသည့် နေရာတွင်သာ လိုအပ်ကြောင်းနှင့် ပြည်တွင်းလုပ်ငန်းရှင်အနေဖြင့်သာ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြစ်၍ ပိုမိုကြိုဆိုကြောင်း၊ တိုင်းပြည်အတွက်လည်း ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း၊ သင့်တော်သည့် မြေနေရာရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ ညွှန်ကြားချက် …

Read More »

ဇွန်လ(၃၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

30-6

ဇွန် ၃၀ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃၀-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၀၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၄၁၄)ဦး၊ ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၂၄၁)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   ပြည်ခရိုင်အတွင်း Facility Quarantine (၄၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၆၁)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၁)ဦးရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၇၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine …

Read More »