Home / 2020 / July

Monthly Archives: July 2020

ဇူလိုင်လ(၃၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

31-7

ဇူလိုင် ၃၁ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃၁-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၈၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၉၇)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၂)ဦးရှိကြောင်း၊   တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၀၁)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၂၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၉၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၄၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine …

Read More »

ရွှေကျင်ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၃၁ (ရွှေကျင်) ————————— ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က တောင်ငူ-ကျောက်ကြီး-ရွှေကျင်-ဝင်းကံ လမ်းပေါ်ရှိ ရွှေကျင်ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့မှ အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးမှ တံတားတည်ဆောက်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် တောင်ငူ-ကျောက်ကြီး-ရွှေကျင်-ဝင်းကံလမ်းပေါ်ရှိ ရွှေကျင်ချောင်းကူးတံတားအား ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့်‌ ဒေါ်လှလှဝင်း၊ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ကမ္ဗည်းမော်ကွန်းကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဟန်‌ဇော်၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းများ ပြုလုပ်ပြီး တံတားပေါ်သို့ဖြတ်သန်းကြည့်ရှုကြသည်။ အဆိုပါ ရွှေကျင်ချောင်းကူးတံတားသည် ရွှေကျင်းချောင်းပေါ်တွင် အရှည်(၁၆၈၀)ပေ၊ အကျယ်(၃၀)ပေရှိပြီး …

Read More »

စစ်တောင်းမြစ်ကူးတံတား(မြို့စိုး) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၃၁ (အုတ်တွင်း) ================== ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့တွင် ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီး လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား(မြို့စိုး) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့မှ အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးမှ တံတားတည်ဆောက်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီး လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (မြို့စိုး)တံတားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးနှင့် တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ကမ္ဗည်းမော်ကွန်းကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းများပြုလုပ်ပြီး …

Read More »

ယာဉ်လိုင်းများမှ မော်တော်ယာဉ်များအား GPS တပ်ဆင်နိုင်ရေး တွေ့ဆုံဆွေးနွေး

FI

ဇူလိုင် ၃၀ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၃၀)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က မော်တော်ယာဉ်များတွင် GPS တပ်ဆင်ပေးသော GPS ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းဆွေက ရန်ကုန်မြို့ရှိ ယာဉ်လိုင်းများ၊ အငှားယာဉ်များတွင် GPS တပ်ဆင်ပေးခြင်းအားဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းခြင်း၊ ယာဉ်ကြောကြပ်တည်းမှု လျော့ကျခြင်း၊ မော်တော်ယာဉ် ခိုးယူမှု အမြန်ဆုံး အရေးယူဆောင်ရွက်ပေးနိုင်ခြင်း၊ ယာဉ်ပိုင်ရှင်များအတွက် မိမိတို့၏ မော်တော်ယာဉ် ပြေးဆွဲနေမှုကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင်ခြင်း၊ ယာဉ်တစ်စီးချင်းစီအလိုက် အချက်အလက်များ ရရှိနိုင်ခြင်း၊ မော်တော်ယာဉ် ယာဉ်စည်းကမ်း ဖောက်ဖျက်ခြင်း၊ မော်တော်ယာဉ် သက်တမ်းတိုးခြင်း စသည်တို့ကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက …

Read More »

ဇူလိုင်လ(၃၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

30-7

ဇူလိုင် ၃၀ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃၀-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၈၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၂၈၃)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၂)ဦးရှိကြောင်း၊   တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၃၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၂၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၉၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine …

Read More »

ပဲခူးမြို့၌ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပပြုလုပ်

Fi

ဇူလိုင် ၃၀ (ပဲခူး) ================= ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဘုရင့်နောင်လမ်း၊ Hotel Mariner(2)၌ ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနည်းတူ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါကြောင်း၊ Covid-19 ရောဂါ ဆင့်ပွားကူးစက် ပြန့်ပွားမှုမရှိစေရေး ပြည်သူများကလည်း မိမိတို့၏ ကျန်းမာရေးအသိစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်မှုကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ပဲခူးမြို့ အထွေထွေဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးမြို့နယ် ဆရာဝန်အသင်း အတွင်းရေးမှူး ဒေါက်တာနေမျိုး၊ Bago Fever Clinic ကော်မတီဥက္ကဋ္ဌ ဦးဆန်းလွင်တို့က ပဲခူးတိုင်းဒေသကြီးအတွင်း …

Read More »

ဇူလိုင်လ(၂၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

29-7

ဇူလိုင် ၂၉ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၉-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၈၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၂၈၇)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၁)ဦးရှိကြောင်း၊   တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၃၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၁၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၅)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၅၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine …

Read More »

ပဲခူးမြို့အနီး စက်မှုဇုန်အကောင်အထည်ဖော်နိုင်ရေး Hua Tai Enterprise Co., Ltd မှ လာရောက်တွေ့ဆုံ

FI

ဇူလိုင် ၂၈ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၂၈)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးမြို့နယ်အတွင်း စက်မှုဇုန်အကောင်အထည်ဖော်နိုင်ရေး Hua Tai Enterprise Co., Ltd မှ Mr. Johno Than ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ  Hua Tai Enterprise Co., Ltd မှ Mr. Johno Than က ပဲခူးမြို့အနီး မြေဧရိယာ(၃၆၀)ဧက၌ စက်မှုဥယျဉ်မြို့တော် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရာတွင် စက်ရုံ(၅၇)ရုံ၊ ဝန်ထမ်းအဆောင်(၁၅) ဆောင်၊ စားသောက်ဆိုင်၊ စျေးဝယ်စင်တာ၊ မူလတန်းကျောင်းနှင့် မိဘမဲ့ဂေဟာတို့ ပါဝင်မည်ဖြစ်ပြီး ဒေသခံပြည်သူ (၆)သောင်းခန့် အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက …

Read More »

ဇူလိုင်လ(၂၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

28-7

ဇူလိုင် ၂၈ (ပဲခူး) =============== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၈-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၈၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၃၄၀)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၇၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၂၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၇၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine …

Read More »

လက်ပံတန်းမြို့နယ်စည်ပင်သာယာရေးဖွဲ့မှ အရပ်ရပ် အခွင့်အရေးလိုင်စင်များ စျေးပြိုင်တင်ဒါခေါ်ယူခြင်း

FI

ဇူလိုင် ၂၈ (လက်ပံတန်း) ======================= လက်ပံတန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သားသတ်လိုင်စင်များ၊ အပေါင်ဆိုင်လိုင်စင်များ၊ စျေးကောက်လိုင်စင်များ၊ ကူးတို့ကောက်လိုင်စင်များ၊ နွားပွဲစျေးလိုင်စင်၊ စက်ဘီးအပ်ခလိုင်စင်နှင့် အခြားအခွင့်အရေး လိုင်စင်များအား စျေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————-

Read More »