Home / 2020 / July / 03

Daily Archives: July 3, 2020

ဇူလိုင်လ(၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

3-7

ဇူလိုင် ၃ (ပဲခူး) ============ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၉၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၂၆၁)ဦး၊ ရောဂါပိုးတွေ့ရှိသူ (၁)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောာင်ရွက်ပေးလျက်ရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၁၁)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   ပြည်ခရိုင်အတွင်း Facility Quarantine (၃၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၅၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၁၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြတိုးချဲ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဇူလိုင်လ ၃ (ပဲခူး) ================== ဇူလိုင်လ(၃)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း  မြို့ပြတိုးချဲ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အနာဂတ်တွင် စနစ်တကျ မြို့ပြများဖြစ်ပေါ်လာစေရန် ယခုအစည်းအဝေးတွင် ကြိုတင်စီမံချက်များ ရေးဆွဲထားနိုင်ရေး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ မြိုပြများ တိုးချဲ့ရေးဆွဲရာတွင် လူနေအိမ်ရာဇုန်၊ စက်မှုဇုန်နှင့် စိုက်ပျိုး/မွေးမြူရေးဇုန်များ သီးခြားခွဲထားရေးဆွဲရန်နှင့် ဇုန်တစ်ခုနှင့် တစ်ခု (၁)ကီလိုမီတာ အကွာအဝေးတွင် ကြားခံဇုန်အဖြစ် သစ်တော/သစ်ပင်များ ထားရှိမည့် စိမ်းလန်းရေးဇုန်တစ်ခု လျာထားရန်၊ မြို့ပြများ အနာဂတ်တွင် ဖွံ့ဖြိုးလာမည့် လူဦးရေ၊ စက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ လာရောက်အလုပ် လုပ်ကိုင်မည့် လုပ်သားများ ကျူးကျော်မှုမရှိစေရေး သီးခြားမြေနေရာ(သို့မဟုတ်)အငှားအိမ်ရာများ တည်ဆောက်နိုင်ရေး မြေနေရာများ ကြိုတင်လျာထားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်တွင် မြို့ပြတိုးချဲ့ရေးဆွဲသွားမည့် …

Read More »