Home / 2020 / July / 07

Daily Archives: July 7, 2020

ကမ္ဘောဇသာဒီနန်းတော် (Historical Park) အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဇူလိုင် ၇ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇူလိုင်လ(၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ကမ္ဘောဇသာဒီနန်းတော် (Historical Park) အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ဆောင်ရွက်နေသလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားကာ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် Covid-19 ကာလအလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်ကုစားနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း ယဉ်ကျေးမှုဇုန်အလိုက် ဝင်ကြေးကောက်ခံခြင်း၊ နေရာခွဲဝေမှု၊ တန်ဖိုးသတ်မှတ်ချက်များကို တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပညာရှင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်းနှင့် ကမ္ဘောဇသာဒီနန်းတော်အား Historical Park အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက  Covid-19 ခရီးသွားလုပ်ငန်းများ ဝင်ငွေရပ်ဆိုင်းခဲ့ရမှုအပေါ် အစိုးရအဖွဲ့အနေဖြင့် …

Read More »

ဇူလိုင်လ(၇)ရက်နေ့ သတင်းထုတ်ပြန်ချက်

7-7

ဇူလိုင် ၇ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၇-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၀၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၄၆၃)ဦး၊ ရောဂါပိုးတွေ့ရှိသူ (၁)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောာင်ရွက်ပေးလျက်ရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၂၂၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၁)ဦး ဆေးကုသမှုခံယူနေကြောင်း၊   ပြည်ခရိုင်အတွင်း Facility Quarantine (၃၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၄၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၇၁)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၁)ဦး ဆေးကုသမှုခံယူနေကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility …

Read More »