Home / 2020 / July / 08

Daily Archives: July 8, 2020

ဇူလိုင်လ(၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇူလိုင် ၈ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၈-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၀၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၂၈)ဦး၊ ရောဂါပိုးတွေ့ရှိသူ (၁)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောာင်ရွက်ပေးလျက်ရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၉၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၁)ဦး ဆေးကုသမှုခံယူနေကြောင်း၊   ပြည်ခရိုင်အတွင်း Facility Quarantine (၃၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၄၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၅၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၁)ဦး ဆေးကုသမှုခံယူနေကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility …

Read More »

ပဲခူးမြို့၊ အမှိုက်သိမ်းဆည်းရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဇူလိုင် ၈ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇူလိုင်လ(၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ အမှိုက်သိမ်းဆည်းရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့ပြတစ်ခု သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းတစ်ခုဖြစ်သော အမှိုက်သိမ်းဆည်းရေးလုပ်ငန်းတစ်ခုသည် အလွန်ရေးပါကြောင်း၊ အမှိုက်သိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်းများကို MJT Co., Ltd မှ တာဝန်ယူဆောင်ရွက်ပေးနေသည်ကိုလည်း သိရှိရပြီး ပြည်သူများမှလည်း ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် ကျေနပ်မှုရှိသည်ကိုလည်း ကြားသိနေရကြောင်း၊ အမှိုက်သိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်းသည် နေ့စဉ်ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံရသည့် လုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်း၊ ယခင်က ရှိခဲ့သည့် ပဲခူးမြို့တွင်းမှ  အမှိုက်ပုံများ အထိုက်အလျောက် လျော့နည်းသွားပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုကိုလည်း အသိအမှတ်ပြုပါကြောင်းနှင့် ရေရှည်လုပ်ငန်းဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့တို့မှ MJT Co., Ltd နှင့် ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သယံဇာတ၊ …

Read More »