Home / 2020 / July / 13

Daily Archives: July 13, 2020

ဇူလိုင်လ(၁၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

13-7

ဇူလိုင် ၁၃ (ပဲခူး) =============== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၃-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၀၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၇၂)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောာင်ရွက်ပေးလျက်ရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၃၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၄၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၁၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၄၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ Chit Myit Tar Foundation (ချစ်မေတ္တာဖောင်ဒေရှင်း)မှ ကျန်းမာရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

FI

ဇူလိုင် ၁၃ (ပဲခူး) ================= ဇူလိုင်လ(၁၃)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ရုံးခန်းသို့ Chit Myit Tar Foundation (ချစ်မေတ္တာဖောင်ဒေရှင်း)မှ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။ ရှေးဦးစွာ Chit Myit Tar Foundation (ချစ်မေတ္တာဖောင်ဒေရှင်း)မှ အတွင်းရေးမှူး ဦးအားစူးက ဖောင်ဒေးရှင်းဖြစ်ပေါ်လာပုံနှင့် လက်ရှိဆောင်ရွက်နေသည့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် Chit Myit Tar Foundation (ချစ်မေတ္တာဖောင်ဒေရှင်း)မှ အတွင်းရေးမှူး ဦးအားစူးက KN95 (၇၂၀)ခုနှင့် Mask (၇၀၀၀)ခုတို့အား ပေးအပ်ခဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေတို့မှ လက်ခံရယူခဲ့ပြီး ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး …

Read More »