Home / 2020 / July / 14

Daily Archives: July 14, 2020

ဇူလိုင်လ(၁၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇူလိုင် ၁၄ (ပဲခူး) ============ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၄-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၉၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၄၉)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောာင်ရွက်ပေးလျက်ရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၃၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၃၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၀၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၄၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဇူလိုင် ၁၄ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း ဦးဆောင်၍ မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တစ်ခေတ်တစ်ခါက အကြောင်းအမျိုးမျိုးကြောင့် မသွန်စွမ်းသူများအား လူမှုပတ်ဝန်းကျင် ကဏ္ဍပေါင်းစုံ၌ ချန်လှပ်ထားခဲ့ကြကြောင်း၊ ယခုအခါ မသန်ပေမယ့် စွမ်းဆောင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် အစိုးရများ၊ လူမှု့အသိုင်းအဝန်းများက လက်ခံယုံကြည် လက်တွဲခေါ်ဆောင်ကာ ဖွံ့ဖြိုးရေးကဏ္ဍပေါင်းစုံတွင် အတူတကွ ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊ အဓိကအားဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အစိုးရမှ ကာကွယ်ခြင်း၊ စောင့်ရှောက်ပေးခြင်းတို့ကို ဥပဒေများပြဋ္ဌာန်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများအတွက် ပညာရေး၊ ကျန်းမာရေးတို့အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး ယခုကော်မတီမှ ဖော်ဆောင်ပေးရန်ဖြစ်ပြီး Covid-19 ကာလအတွင်း …

Read More »