Home / 2020 / July / 15

Daily Archives: July 15, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဆန်အိတ်(၅၀၀) လာရောက်ထောက်ပံ့လှူဒါန်း

FI

ဇူလိုင် ၁၅ (ပဲခူး) =================== ဇူလိုင်လ(၁၅)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဆန်အိတ်(၅၀၀) လာရောက်ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံပြီး စက်မှုနိုင်ငံတော်တည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ လုပ်ငန်းဆောင်ရွက်ချက်များသည် တစ်ဘက်တစ်လမ်းမှ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေလို တောင်သူလယ်သမားဘ၀များနှင့်လည်း တိုက်ရိုက်သက်ဆိုင်လျက်ရှိ၍ အလွန်အရေးပါသည့် ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ဆန်စပါးအသင်းချုပ်အနေဖြင့် ကြားခံပွဲစားစနစ် ပပျောက်ရေးနှင့် တိုက်ရိုက်ဝယ်ယူသည့်စနစ်ကို ဦးတည်ဆောင်ရွက်မှသာ တောင်သူလယ်သမားများ၏ ဘ၀များ ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ဆန်စပါးစျေးကွက် ရှာဖွေရေး၊ စျေးကွက်ခိုင်မာမှုရှိရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးစသည့် အခြေခံအချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မြန်မာနိုင်ငံ့အတွင်း ဆန်းစပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှု၊ …

Read More »

ဇူလိုင်လ(၁၅)ရက်နေ့ သတင်းထုတ်ပြန်ချက်

15-7

ဇူလိုင် ၁၅ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၅-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၉၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၅၈)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောာင်ရွက်ပေးလျက်ရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၄၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၃၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၁၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၂၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီး စပါး၊ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

ဇူလိုင် ၁၅ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စပါး၊ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်နိုင်ရေးသည် ဆန်စပါးစျေးကွက် တည်ငြိမ်ခိုင်မာမှုရှိမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ အစိုးရမှ ဆန်/စပါးများ ဘဏ္ဍာနှစ်အလိုက် ဝယ်ယူရခြင်းဖြစ်ကြောင်း၊ ဆန်စပါးများ ဝယ်ယူရာတွင် တင်ဒါအောင်မြင်သူများအနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွား ထိခိုက်မှုမရှိစေဘဲ အစိုးရမှ သတ်မှတ်ထားသော စျေးနှုန်းအတိုင်း ဝယ်ယူသွားရန် အရေးကြီးသလို ဆန်/စပါး ရောင်းချမည့် တောင်သူများအနေဖြင့်လည်း မိမိတို့၏ ဆန်း/စပါးများ ရောင်းချရာတွင် သတ်မှတ်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒါမှသာ အထင်အမြင်လွဲမှားမှုများ၊ အငြင်းပွားမှုမဖြစ်စေဘဲ လျော့နည်းလာနိုင်မည်ဖြစ်ကြောင်း၊ ဆန်/စပါးစျေးကွက် ရေရှည်ခိုင်မာမှုရှိစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး …

Read More »