Home / 2020 / July / 16

Daily Archives: July 16, 2020

ကျေးလက်မီးလင်းရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး IGE Power Co., Ltd မှ လာရောက်တွေ့ဆုံ

FI

ဇူလိုင် ၁၆ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၁၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ကျေးလက်မီးလင်းရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး  IGE Power Co., Ltd မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ IGE Power Co., Ltd လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်သင်းသင်းနွဲ့က ယခင်နှစ် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်မီးမရသေးသည့် ကျေးရွာများအား PFI (Private Financial Initiative) စနစ် ကုမ္ပဏီဘက်မှ ကြိုတင်ငွေကြေးစိုက်ထုတ်သုံးစွဲ၍ လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ အစိုးရအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ရရှိသည့်ဘဏ္ဍာငွေမှ အချိုးကျ ပြန်လည်ပေးဆပ်ခြင်းတို့အား ဆောင်ရွက်ပေးခဲ့၍ အောင်မြင်မှုများ ရရှိလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း NEP စီမံကိန်းတွင် ပါဝင်ပြီး ကျေးရွာအတွင်း (400V)လိုင်း မတပ်ဆင်ရသေးသည့် ကျေးရွာများအား ကုမ္ပဏီမှ ငွေကြေးစိုက်ထုတ်၍ လုပ်ငန်းများကြိုတင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဒါမှသာ NEP စီမံချက်အရ ကျေးရွာထိပ်အထိ …

Read More »

ဇူလိုင်လ(၁၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

16-7

ဇူလိုင် ၁၆ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၆-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၉၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၇၀)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၀၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၃၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၉၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၉၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Realm Co., Ltd မှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

FI

ဇူလိုင် ၁၆ (ပဲခူး) ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၁၆)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ Realm Co., Ltd မှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်ထောက်ပံ့ လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့်  Facility Quarantine များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်  Realm Co., Ltd ၊ ဒါရိုက်တာ ဦးကျော်ဝင်းက Mask, Face Shield, Latex Gloves, Disposable Cap, Disposable Apron, Disposable Surgical Gown, Hand Gel, Dettol, Goggle, Chlorine, Gum Boots, Rice, …

Read More »

၂၀၂၀-၂၀၂၁ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၆(ပဲခူး) ================= ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ဇူလိုင်လ(၁၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ၂၀၂၀-၂၀၂၁ ခု ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ကျောင်းအပ်ကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်မှ အမှာစကား ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဆရာကြီး ဦးစန်းအောင်က ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ Maskများ၊ Face Shieldများ၊ သာမိုမီတာများနှင့် KM Healthcare Myanmar Co.,Ltd အထည်ချုပ်စက်ရုံမှ လှူဒါန်းသည့် PPEဝတ်စုံ အစုံ(၂၀၀)တို့အား လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားသူကြီးချုပ် ဦး‌မောင်မောင်အေး၊ …

Read More »