Home / 2020 / July / 17

Daily Archives: July 17, 2020

ပဲခူးတိုင်းဒေသကြီးအတွင်း Facility Quarantine Center ရှိ နေရပ်ပြန် ပြည်သူများအတွက် WFP မှ စားစရိတ် လာရောက်ထောက်ပံ့လှူဒါန်း

FI

ဇူလိုင် ၁၇ (ပဲခူး) =================== ပဲခူးတိုင်ဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၁၇)ရက်နေ့ မွန်းလွဲပိုင်းအချိန်က World Food Program(WFP) မှ ပဲခူးတိုင်းဒေသကြီးအတွင်း Facility Quarantine Center ရှိ နေရပ်ပြန် ပြည်သူများအတွက် စားစရိတ် လာရောက်ထောက်ပံ့ လှူဒါန်းခဲ့သည်။ ရှေးဦးစွာ World Food Program(WFP)မှ ဌာနေကိုယ်စားလှယ် Mr. Stephen Anterson က မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများ၊ ဖွံ့ဖြိုးမှုနည်းပါးသည့်ဒေသများ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အစားအသောက်၊ အသုံးအဆောင်၊ ဆန်ရိက္ခာနှင့် အခြားဆေးဝါးဆိုင်ရာပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာလ၌ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား Facility Quarantine Center များတွင် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရသည့်အတွက် စားစရိတ်များ လာရောက်ထောက်ပံ့လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် …

Read More »

ဇူလိုင်လ(၁၇)ရက်နေ့ သတင်းထုတ်ပြန်ချက်

17-7

ဇူလိုင် ၁၇ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁၇-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၉၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၂၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၆)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၈၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၃၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၉၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၉၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility …

Read More »

ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူးခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

Fi

ဇူလိုင် ၁၇ (ပဲခူး) ———————— ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အောက်ထပ်အစည်းအဝေးခန်းမတွင် ဇူလိုင်လ(၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူးခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးမှ အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးလူမှုဝန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးမှ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်မှ ဆွေးနွေးတင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ကာ ပဲခူးတိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူးခရိုင်တို့မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များတက်ရောက်ကြပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းနှင့်ပတ်သက်သည့် သက်ငယ်မုဒိန်းမှုကိစ္စရပ်များ၊ ကလေးမွေးစားခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ အထူးကာကွယ်စောင့်ရှောက်ရန်လိုအပ်သောကလေးများ၊ ဥပဒေနှင့်ရင်ဆိုင်နေရသည့် ကလေများ၊ မသန်စွမ်းကလေးများနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းများနှင့် ပတ်သက်သည့် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

FI

ဇူလိုင် ၁၇(ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၁၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးထွန်းခင်နှင့် တာဝန်ရှိသူများ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးထွန်းခင်က တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတော်အဆင့် အကြီးအကဲများမှ လမ်းညွှန်မှာကြားချက်ရှိသလို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန် မြန်ဆန်စွာ စာရင်းကောက်ယူနိုင်ရေးနှင့် ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအနေဖြင့် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ပါရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်သည့် အခွင့်အရေးရှိကြောင်း၊ တရားမျှတပြီး လွှတ်လပ်သော ရွေးကောက်ပွဲဖြစ်စေရန်နှင့် ခရိုင်အလိုက် မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်လျက်ရှိပြီး မကြာမီ ဆန္ဒမဲပေးနိုင်သည့် စာရင်းများ ထုတ်ပြန်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှလည်း လိုအပ်သည်များ …

Read More »