Home / 2020 / July / 20

Daily Archives: July 20, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဆွာဆည်တမံ ရေသောက်စနစ် အဆင့်မြှင့်တင်နေသည့် လုပ်ငန်းများနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကြည့်ရှု

FI

ရေတာရှည် ဇူလိုင် ၂၀ ******************************************************** ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၂၀) ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြိုနယ် ဆွာဆည်တမံ ရေပိုလွှဲအသစ် တည်ဆောက်နေသည့် နေရာသို့ရောက်ရှိခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကိုကိုဦး၊ တည်ဆောက်ရေး(၆) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလင်းတို့ မှ ရေပိုလွှဲအသစ် တည်ဆောက်နေသည့်လုပ်ငန်းများ (၂၀၂၀-၂၀၂၁)ခု နွေစပါးရာသီအတွက် ရေပေးဝေမည့် အစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ ထို့ နောက် ဆွာဆည်တမံ ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလင်း မှ Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာ ကြားသည်။ …

Read More »

ဇူလိုင်လ(၂၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

20-7

ဇူလိုင် ၂၀ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၀-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၉၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၅၁၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၅၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၃၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၇၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၈၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility …

Read More »