Home / 2020 / July / 30

Daily Archives: July 30, 2020

ယာဉ်လိုင်းများမှ မော်တော်ယာဉ်များအား GPS တပ်ဆင်နိုင်ရေး တွေ့ဆုံဆွေးနွေး

FI

ဇူလိုင် ၃၀ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၃၀)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က မော်တော်ယာဉ်များတွင် GPS တပ်ဆင်ပေးသော GPS ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းဆွေက ရန်ကုန်မြို့ရှိ ယာဉ်လိုင်းများ၊ အငှားယာဉ်များတွင် GPS တပ်ဆင်ပေးခြင်းအားဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းခြင်း၊ ယာဉ်ကြောကြပ်တည်းမှု လျော့ကျခြင်း၊ မော်တော်ယာဉ် ခိုးယူမှု အမြန်ဆုံး အရေးယူဆောင်ရွက်ပေးနိုင်ခြင်း၊ ယာဉ်ပိုင်ရှင်များအတွက် မိမိတို့၏ မော်တော်ယာဉ် ပြေးဆွဲနေမှုကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင်ခြင်း၊ ယာဉ်တစ်စီးချင်းစီအလိုက် အချက်အလက်များ ရရှိနိုင်ခြင်း၊ မော်တော်ယာဉ် ယာဉ်စည်းကမ်း ဖောက်ဖျက်ခြင်း၊ မော်တော်ယာဉ် သက်တမ်းတိုးခြင်း စသည်တို့ကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက …

Read More »

ဇူလိုင်လ(၃၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

30-7

ဇူလိုင် ၃၀ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃၀-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၈၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၂၈၃)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၂)ဦးရှိကြောင်း၊   တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၃၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၂၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၉၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine …

Read More »

ပဲခူးမြို့၌ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပပြုလုပ်

Fi

ဇူလိုင် ၃၀ (ပဲခူး) ================= ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဘုရင့်နောင်လမ်း၊ Hotel Mariner(2)၌ ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနည်းတူ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါကြောင်း၊ Covid-19 ရောဂါ ဆင့်ပွားကူးစက် ပြန့်ပွားမှုမရှိစေရေး ပြည်သူများကလည်း မိမိတို့၏ ကျန်းမာရေးအသိစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်မှုကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ပဲခူးမြို့ အထွေထွေဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးမြို့နယ် ဆရာဝန်အသင်း အတွင်းရေးမှူး ဒေါက်တာနေမျိုး၊ Bago Fever Clinic ကော်မတီဥက္ကဋ္ဌ ဦးဆန်းလွင်တို့က ပဲခူးတိုင်းဒေသကြီးအတွင်း …

Read More »