Home / 2020 / August

Monthly Archives: August 2020

သြဂုတ်လ(၃၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

31-8

သြဂုတ် ၃၁ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃၁-၈-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၆၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၄၀)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၃)ဦးရှိကြောင်း၊   တောင်ငူခရိုင်အတွင်း Facility Quarantine (၉၁)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၃၁)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိ၍ တောင်ငူပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၃၃)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၉၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၃၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၂၀၉)ခု၌ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှု

FI

သြဂုတ် ၃၁ (ပဲခူး) ———————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ်လ(၃၁)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ပဲခူးမြို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အင်ဂျင်နီယာမှူး ဦးသန့်ဇင်မိုးနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးအောင်ထက်လွင်ကျော်တို့က ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး စီမံကိန်းနှင့်ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦး‌အောင်သန်းလွင်နှင့် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်တို့က လေယာဉ်ကွင်းဧရိယာ ရှင်းလင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများက ဌာနအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် အ‌ခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းနှင့်ပတ်သက်၍ မိမိတို့အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရမည့် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်၊ ရေနီမြို့၌ ဒေသခံပြည်သူများ၏ အခက်အခဲများ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့

FI

သြဂုတ် (၃၀) =================== သြဂုတ်လ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ်၊ ရေနီမြို့၌ ဒေသခံပြည်သူများ၏ အခက်အခဲများ ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်း Covid-19 ရောဂါသည် ယခုအခါ ကူးစက်မြန် ရောဂါပိုးအသွင်ဖြင့် ဒုတိယလှိုင်းအနေနဲ့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မိမိတို့၏ ရပ်ကွက်/ ကျေးရွာများအတွင်း ပြည်ပပြန်များ၊ အထူးသဖြင့် ရခိုင်ဒေသမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးနှင့် ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်ကြရန်၊ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးအသိပညာများကိုလည်း တစ်ဦးချင်းစီအလိုက် လိုက်နာဆောင်ရွက်ကြလိုအပ်ကြောင်း၊ အစိုးရအနေဖြင့် ဒီအချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေရသလို ပြည်သူများ၏ လူမှု၊စီးပွား အခက်အခဲများ ဖြေရှင်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ကျေးရွာလျှပ်စစ်မီးရရှိရေးကိစ္စရပ်များ၊ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ပေးရေးကိစ္စရပ်များ၊ …

Read More »

သြဂုတ်လ(၃၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

30-8

သြဂုတ် ၃၀ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃၀-၈-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၆၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၄၀)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၃)ဦးရှိကြောင်း၊   တောင်ငူခရိုင်အတွင်း Facility Quarantine (၈၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၃၅)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိ၍ တောင်ငူပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၃၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၈၇)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၁၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၁၉၈)ခု၌ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

FI

သြဂုတ် ၃၀ (ရေတာရှည်) —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ်လ(၃၀)ရက်နေ့  နံနက်ပိုင်းအချိန်က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှူကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် ခင်တန်းကြီးကျေးရွာအုပ်စု စမိုးချောင်း ရေကြီးရေလျှံဖြစ်ပေါ်မှု မရှိစေရေးအတွက် ချောင်းဖြတ်တံတားများအား သွားရောက်ကြည့်ရှု့ကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့ (၆)ရပ်ကွက်ရှိ ပေါက်ဘုရားကျောင်းဆရာတော်နှင့် ကျောက်ချောင်းကျေးရွာ ဆရာတော်တို့အား သွားရောက်ဖူးမျှော် ကန်တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ခင်တန်းကြီးကျေးရွာအုပ်စု ဖွံ့ဖြိုးရေးအတွက် ပေါက်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ဖွံ့ဖြိုးရေးလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ပျန်းမာရေးနှင့် လျှပ်စစ်မီးလင်းရေးဆိုင်ရာ တင်ပြတောင်းဆိုချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့်အတူ ရေတာရှည်မြို့နယ် …

Read More »

စစ်တောင်းတံတား(အုတ်ဖြတ်) ချဉ်းကပ်လမ်းတည်ဆောက်ရာတွင်ပါဝင်သွားသည့် ဒေသခံပြည်သူများ လျော်ကြေးပေးအပ်

FI

သြဂုတ် ၂၉ (ဖြူး) ========================= သြဂုတ်လ(၂၉)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ စည်ပင်သာယာခန်းမ၌ စစ်တောင်းတံတား(အုတ်ဖြတ်) ချဉ်းကပ်လမ်းတည်ဆောက်ရာတွင်ပါဝင်သွားသည့် ဒေသခံပြည်သူများ လျော်ကြေးပေးအပ်သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့ပြ/ကျေးလက် အချိုးညီ လူမှုရေး၊ စီးပွားရေး အချိုးညီ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းဖောက်လုပ်ခြင်း၊ လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ခြင်း၊ တံတားတည်ဆောက်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်စီမံကိန်းများအတွင်း ပါဝင်သွားသည့် ဒေသခံပြည်သူများ နစ်နာမှု မရှိစေရေး လျော်ကြေးငွေများ ပေးအပ်ရခြင်းဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့၏ ဒေသ၊ ရပ်ရွာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်မှုအပေါ် နားလည်မှုရှိစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက ဖြူး- မုန်း- အုတ်ဖြတ်လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်) ချဉ်းကပ်လမ်းတည်ဆောက်ရာတွင် ပါဝင်သွားသည့် တောင်ငူမြို့နယ်မှတောင်သူ(၅)ဦး၊ ကျောက်ကြီးမြို့နယ်မှတောင်သူ(၁၄)တို့၏ လယ်ယာမြေ(၁၁.၅၄)ဧကအတွက် …

Read More »

သြဂုတ်လ(၂၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

29-8

သြဂုတ် ၂၉ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၉-၈-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၆၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၅၃)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၃)ဦးရှိကြောင်း၊   တောင်ငူခရိုင်အတွင်း Facility Quarantine (၉၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၄၁)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိ၍ တောင်ငူပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၂၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၈၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၁)ဦးရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၄၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၂၀၀)ခု၌ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကညွတ်ကွင်းမြို့ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

118256489_948128852333522_66166220830517336_n

သြဂုတ် ၂၉ (ဖြူး) ————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းအချိန်က ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရှမ်းမင်းလမ်းကူး‌ ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းမင်းလမ်းကူး‌ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်သူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များဖြစ်သည့် လမ်းတံတားဆိုင်ရာများ၊ ပညာရေးဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာများ၊ လျှပ်စစ်မီးလင်းရေးဆိုင်များ၊ မြေယာဆိုင်ရာများကို တင်ပြတောင်းခံမှုအပေါ်  သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး COVID-19‌ရောဂါ ဒုတိယလှိုင်းဖြစ်ပွားနေစဉ်ကာလအတွင်း ဒေသခံပြည်သူများ ရောဂါကူးစပ်မှုမရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်နေထိုင်နိုင်ရေး အသိပညာပေးပြောကြားကာ …

Read More »

သြဂုတ်လ(၂၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

28-7

သြဂုတ် ၂၈ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၂၈-၈-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၆၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၆၆)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တောင်ငူခရိုင်အတွင်း Facility Quarantine (၈၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၂၁)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိ၍ တောင်ငူပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၂၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၆၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၁)ဦးရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၂၁)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၁၉၆)ခု၌ …

Read More »

ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ (Ventilator) အသက်ရှူအထောက်အကူပြုစက် လာရောက်လှူဒါန်း

FI

သြဂုတ် ၂၈ (ပဲခူး) ———————— ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးအပေါ်ထပ် အစည်းအဝေးခန်းမတွင် ဩဂုတ်လ(၂၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြန်မာဘရူဝါရီလီမိတက်နှင့် စီးပွားမိတ်ဖက်လုပ်ငန်းရှင်ကြီးများမှ (Ventilator) အသက်ရှူအထောက်အကူပြုစက် လှူဒါန်းပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မြန်မာဘရူဝါရီလီမိတက်နှင့် စီးပွားမိတ်ဖက်လုပ်ငန်းရှင်ကြီးများမှ ငွေကျပ်(၁၆၅)သိန်းတန်ဖိုးရှိ (Ventilator) အသက်ရှူအထောက်အကူပြုစက် (၁)လုံးအား ပဲခူးမြို့ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသူဇာ‌အောင်နှင့် ဆေးမေ့အထူးကုဆရာဝန်ကြီး ဒေါက်တာယုသဉ္စာနွယ်တို့ထံ ပေးအပ်လှူဒါန်းပြီး လှူဒါန်းမှုအတွက် ဒုတိယဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်သည်။ ထို့နောက် ပဲခူးမြို့ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသူဇာ‌အောင်နှင့် ဆေးမေ့အထူးကုဆရာဝန်ကြီး ဒေါက်တာယုသဉ္စာနွယ်တို့က လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ မြန်မာဘရူဝါရီလီမိတက်အနေဖြင့် ၂၀၂၀ ခုနှစ် ဇွန်လ(၃)ရက်နေ့တွင် ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီး ICUအရေးပေါ်ဌာနအတွက် Patient Monitors(၂)စုံနှင့် Oxygen Concentrators …

Read More »