Home / 2020 / August / 05

Daily Archives: August 5, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ညောင်‌လေးပင်မြို့နယ် ပိန်းဇလုပ်မြို့မှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

FI

သြဂုတ် ၅ (ပဲခူး) ——————– ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့် ရေလည်ပရိယတ္တိစာသင်တိုက် စန္ဒာသူရိယ ဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ်လ(၅)ရက်နေ့  ည(၇)နာရီအချိန်က ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ရေလည်ပရိယတ္တိစာသင်တိုက် ပဓာနနာယဆရာတော်အား ဖူးမျှော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ရေလည်ပရိယတ္တိစာသင်တိုက် စန္ဒာသူရိယ ဓမ္မဗိမာန်တော်ကြီး၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ရေဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ပိန်းဇလုပ်မြို့ ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုရှိ ရေဘေးသင့်အိမ်ထောင်စု(၂၃၀)စု၊ လူဦးရေ(၁၀၆၄)ဦးတို့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၂၃၄၄၀၀)ကျပ်ကိုလည်းကောင်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းမှ ခေါက်ဆွဲခြောက်(၂၃၀၀)ထုပ်အားလည်းကောင်း၊ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတိုက်စားခြင်းကြောင့် ပျက်စီးသွားသည့် တော်ဝိ-ပိန်းဇလုပ်အကြား မီးရထားလမ်းတံတားနှင့် ပိန်းဇလုပ်မြို့အဝင် ကားလမ်းတံတားတို့အား ကြည့်ရှု

FI

သြဂုတ် ၅ (ပဲခူး) ——————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ်လ(၅)ရက်နေ့ ညနေ(၅:၃၀)နာရီအချိန်က ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာနှင့် ပိန်းဇလုပ်မြို့အကြားရှိ မီးရထားလမ်းတံတားနှင့် ပိန်းဇရပ်မြို့အဝင် ကားလမ်းတံတားတို့အား သွားရောက်ကြည့်ရှုကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ တော်ဝိကျေးရွာနှင့် ပိန်းဇလုပ်မြို့အကြားရှိ မီးရထားလမ်းတံတားအမှတ်(၁၃၆) ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့်အခြေအနေအား ကြည့်ရှုစစ်ဆေးရာ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (သွားလာပို့ဆောင်ရေး) ဦးအောင်မြင့်လှိုင်မှ တံတားပျက်စီးသွားမှု အခြေအနေနှင့် ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တံတားအမြန်ဆုံး ပြီးစီးနိုင်ရေးအတွက် ကူညီကာလုပ်အားပေး ဆောင်ရွက်နေကြသည့် ဒိုက်ဦးမြို့ခမရ(၄၄၀)မှ တပ်မတော်သားများနှင့် မီးရထားဝန်ထမ်းများအား နှုတ်ဆက်အားပေးစကားနှင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပိန်းဇလုပ်မြို့အဝင် ဆေးရုံအနီးကားလမ်းမပေါ်ရှိ …

Read More »

သြဂုတ်လ(၅)ရက်နေ့ သတင်းထုတ်ပြန်ချက်

5-8

သြဂုတ် ၅ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၅-၈-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၈၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၆၄)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၁)ဦးရှိကြောင်း၊   တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၄၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၂၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၁၀)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၂)ဦးရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၈၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine …

Read More »

e-Office ဒုတိယအဆင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

FI

သြဂုတ် ၅ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ်လ(၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး e-Government ဦးဆောင်ကော်မတီမှ e-Office ဒုတိယအဆင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရုံးလုပ်ငန်းများ ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရာတွင် အချိန်ကုန်သက်သာစေရန်၊ ပြည်သူများအတွက် ဝန်ဆောင်မှုများပေးရာတွင် အဂတိတရားကင်းရှင်းပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ဌာနဆိုင်ရာနှင့် ပြည်သူများအကြား ယုံကြည်မှုနှင့် အပြန်အလှန် လေးစားမှုရှိစေရန်အတွက် e-Government အထောက်အကူပြု e-Office System ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုတို့အတွက် အစိုးရဌာနဆိုင်ရာများ e-Government System ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် စည်ပင်သာယာရေးဝန်ကြီး …

Read More »