Home / 2020 / August / 06

Daily Archives: August 6, 2020

ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

သြဂုတ် ၆ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ်လ(၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အားကစားကဏ္ဍသည် တိုင်းပြည်အတွင်းရှိ အနာဂတ် လူငယ်/လူရွယ်များ ကိုယ်ကာယ ကြံ့ခိုင်ရေး၊ စိတ်ဓာတ်မြင့်မားရေးနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခု မြို့ကြီးများတွင် အားကစားရွာ(Sport Village)များ ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးဂုဏ်ဆောင်မှတစ်ဆင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာနိုင်စေရေး အခြေခံပညာဦးစီးဌာနများနှင့် ပေါင်းစပ်ကာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပဲခူးတိုင်းဒေသကြီးအတွင်း နှစ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး စီစဉ်ထားရှိမှုများနှင့် အားကစားရုံများ ပြုပြင်နေမှုအခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် …

Read More »

သြဂုတ်လ(၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

6-8

သြဂုတ် ၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၆-၈-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၈၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၂၃၃)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၁)ဦးရှိကြောင်း၊   တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၆၁)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၂၀)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၂)ဦးရှိကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၇)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၇၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ Carlsberg Myanmar Co., Ltd မှ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ လာရောက်ရှင်းလင်းတင်ပြ

FI

သြဂုတ် ၆ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ သြဂုတ်လ(၆)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က Carlsberg Myanmar Co., Ltd မှ Mr. Christoph Vavrik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ လာရောက်ရှင်းလင်းတင်ပြသည်။ ရှေးဦးစွာ  Carlsberg Myanmar Co., Ltd မှ Mr. Christoph Vavrik က မိမိတို့ကုမ္ပဏီသည် ဒိန်းမတ်နိုင်ငံမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် အမေရိကန်ဒေါ်လာ (၃၇)သန်းဖြင့် စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ယခုအခါ အစိုးရ၏ ကူညီစောင့်ရှောက်မှုကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးချဲ့လာနိုင်ခဲ့ပြီ၍ ကျေးဇူးတင်ရှိပါကြောင်းနှင့် ထပ်မံ၍လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ပြီး အောင်မြင်မှုရရှိနေသည်ကိုသိရှိရ၍ ဝမ်းမြောက်ပါကြောင်းနှင့် …

Read More »

မိုးညိုမြို့နယ်စည်ပင်သာယာရေးဖွဲ့မှ အရပ်ရပ် အခွင့်အရေးလိုင်စင်များ စျေးပြိုင်တင်ဒါခေါ်ယူခြင်း

FI

သြဂုတ် ၆ (မိုးညို) ======================= မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သားသတ်လိုင်စင်များ၊ အပေါင်ဆိုင်လိုင်စင်များ၊ စျေးကောက်လိုင်စင်များ၊ ကူးတို့ကောက်လိုင်စင်များ၊ စက်ဘီးအပ်ခလိုင်စင်နှင့် အခြားအခွင့်အရေး လိုင်စင်များအား စျေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————-

Read More »