Daily Archives: September 2, 2020

စက်တင်ဘာလ(၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

2-9

စက်တင်ဘာ ၂ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၆၆)ခု၌ နိုင်ငံသား(၁၀၀၉)ဦးနှင့် သံသယလူနာ(၃)ဦး၊ ရောဂါပိုးတွေ့ရှိသူ (၅)ဦးရှိ၍ ပဲခူး(ကလိ)ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း ၊   တောင်ငူခရိုင်အတွင်း Facility Quarantine (၉၀)ခု၌ နိုင်ငံသား(၆၁၄)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိ၍ တောင်ငူပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၃၂)ခု၌ နိုင်ငံသား(၃၀၈)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိ၍ ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၇)ခု၌ နိုင်ငံသား(၄၂၈)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၂၀၅)ခု၌ နိုင်ငံသား(၂၃၅၉)ဦးပြီး ဆေးရုံတွင် ရောဂါပိုးတွေ့ရှိသူ(၇)နှင့် …

Read More »

ရေတာရှည်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

FI

စက်တင်ဘာ ၂ (ရေတာရှည်) ================= ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၅)ရပ်ကွက်၊ သစ်စက်လမ်း( မီးရထားလမ်းနှင့် ရွှေဝက်တိုးဘုရားလမ်းကြား) အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ပြည်တွင်းလုပ်ငန်းရှင်များ မြန်မာ(ကျပ်)ငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ပဲခူးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၉:၃၀) အချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Covid-19 ပထမပြည်ပပြန်များအား ပြည်သူများ၊ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ အထိရောက်ဆုံး ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ဝေါမြို့နယ်အတွင်း Covid-19 ရောဂါပိုး (၅)ဦးတွေ့ရှိမှုသည် ပြည်တွင်းဒေသ(ရခိုင်)ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး သြဂုတ်လ(၂၀)ရက်နေ့ မတိုင်မီရောက်ရှိလာသူများဖြစ်သည်ကို စိစစ်တွေ့ရှိရ၍ တိုက်ရိုက်ထိတွေ့သူများအား စစ်ဆေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက နေရာအလိုက် ကန့်သတ်ချက်များ ထုတ်ပြန်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက ရခိုင်ပြည်နယ် တောာင်ကုတ်မှ ဥသျှစ်ပင်ဂိတ်သို့ ကုန်တင်ကားများ ဝင်ရောက်မှုအပေါ်  စိစစ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် …

Read More »