Daily Archives: September 3, 2020

စက်တင်ဘာလ(၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

3-9

စက်တင်ဘာ ၃ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၃-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၆၅)ခု၌ နိုင်ငံသား(၁၀၅၁)ဦးနှင့် သံသယလူနာ(၅)ဦး၊ ရောဂါပိုးတွေ့ရှိသူ (၅)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့်  ကျန်ရှိသည့် ရောဂါပိုးတွေ့ရှိသူ (၂၄)ဦးအားလည်း ပဲခူး(ကလိ)ဆေးရုံ၌ ဆေးကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၈၉)ခု၌ နိုင်ငံသား(၆၂၃)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိ၍ တောင်ငူပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၃၂)ခု၌ နိုင်ငံသား(၃၁၉)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိ၍ ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၇)ခု၌ နိုင်ငံသား(၄၅၉)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility …

Read More »