Daily Archives: September 8, 2020

စက်တင်ဘာလ(၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

8-9

စက်တင်ဘာ ၈ (ပဲခူး) =============== ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၈-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၇၈)ခု၌ နိုင်ငံသား(၁၂၇၃)ဦးနှင့် သံသယလူနာ(၇၀)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၄၇)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၉၉)ခု၌ နိုင်ငံသား(၇၁၀)ဦး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား တောင်ငူပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၂၈)ခု၌ နိုင်ငံသား(၃၇၆)ဦး၊ သံသယလူနာ(၂)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၈)ခု၌ နိုင်ငံသား(၈၆၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၂၂၃)ခု၌ နိုင်ငံသား(၃၂၂၃)ဦးပြီး ဆေးရုံတွင် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးရွာချင်းဆက်လမ်း ဖေါက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

FI

စက်တင်ဘာ ၈ (ပဲခူး) ———————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၈) ရက်နေ့ မွန်းလွှဲပိုင်းအချိန်က ရေတာ ရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ နန်ချွန်- ဖျံချောင်း- ဖားဘောင်တင် ကျေးရွာချင်းဆက်‌မြေသားလမ်း ဖောက်လုပ်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကြံသနွယ်ကျေးရွာ အုပ်စု၊ နန်ချွန်- ဖျံချောင်း- ဖားဘောင်တင် ကျေးရွာချင်းဆက် မြေသားလမ်းသည် အရှည်(၃၅၀၀)ပေ၊ အကျယ်(၂၀)ပေ၊ အမြင့်(၂)ပေရှိပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၂၄)သန်းဖြင့် ရေတာရှည်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလမ်းပိုင်း ပြီးစီးသွားပါက တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ကြမည်ဖြစ်သဖြင့် လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖျံချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွား‌ရောက်ပြီး ဆရာတော်အား …

Read More »