Daily Archives: September 9, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်တံခါးမြို့နယ် တူမောင်ကျေးရွာရှိ‌ ဒေသခံပြည်သူများ၏ မြေယာဆိုင်ရာပြဿနာများအား ဖြေရှင်းဆောင်ရွက်

FI

စက်တင်ဘာ ၉ (ကျောက်တံခါး) ————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၉)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦး‌အောင်ဇော်လတ်၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့၊ တူမောင်ကျေးရွာအုပ်စု၊ တူမောင်ကျေးရွာ တူမောင်မင်းကျောင်း ဓမ္မစကူးလ်သိပ္ပသာလာဓမ္မာရုံတွင် တူမောင်ကျေးရွာ အုပ်စုရှိ‌ ဒေသခံပြည်သူများ၏ မြေယာဆိုင်ရာပြဿနာများအား ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ပဲခူးခရိုင်အုပ်ချုပ်‌ရေးမှူး ဦးအောင်ဇော်လတ်က မြေယာဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် တူမောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအသီးသီးမှ ပြည်သူများက ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျှက်ရှိသည့် လမ်းပန်းဆက်သွယ်ရေးအတွက် လမ်းနှင့်တံတားများ၊ လျှပ်စစ်မီးလင်းရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် မြေယာပြဿနာဆိုင်ရာကိစ္စရပ်များအား တင်ပြကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ပြီး တူမောင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ အားကစားလှုပ်ရှားမှု …

Read More »

စက်တင်ဘာလ(၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

9-9

စက်တင်ဘာ ၉ (ပဲခူး) =========================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၉-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၈၂)ခု၌ နိုင်ငံသား(၁၃၈၄)ဦးနှင့် သံသယလူနာ(၇၁)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၄၈)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၀)ခု၌ နိုင်ငံသား(၇၀၃)ဦး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား တောင်ငူပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၂၈)ခု၌ နိုင်ငံသား(၃၈၆)ဦး၊ သံသယလူနာ(၂)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၈)ခု၌ နိုင်ငံသား(၉၈၃)ဦးရှိပြီး သံသယလူနာ(၁)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား သာယာဝတီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၂၂၈)ခု၌ နိုင်ငံသား(၃၄၅၆)ဦးပြီး …

Read More »