Daily Archives: September 10, 2020

စက်တင်ဘာလ(၁၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

19

စက်တင်ဘာ ၁၀ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၀-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၈၈)ခု၌ နိုင်ငံသား(၁၄၉၀)ဦးနှင့် သံသယလူနာ(၇၃)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၄၈)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၂)ခု၌ နိုင်ငံသား(၇၁၄)ဦး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား တောင်ငူပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၂၇)ခု၌ နိုင်ငံသား(၃၈၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၈)ခု၌ နိုင်ငံသား(၁၀၅၃)ဦးရှိပြီး သံသယလူနာ(၁)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား သာယာဝတီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၂၃၅)ခု၌ နိုင်ငံသား(၃၆၄၃)ဦးပြီး ဆေးရုံတွင် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ Mask များ လာရောက်လှူဒါန်း

IMG_1257

စက်တင်ဘာ ၁၀ (ပဲခူး) ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမသို့ စက်တင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က Xinze International Machinery Equipment Co., Ltd မှ ဒါရိုက်တာ Mr. Wu Jun မှ ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Mask (၃၀၀၀၀)ခု လာရောက်ထောက်ပံ့လှူဒါန်းခဲ့ရာ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

Read More »