Daily Archives: September 11, 2020

စက်တင်ဘာလ(၁၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

11-9

စက်တင်ဘာ ၁၁ (ပဲခူး) =============== ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၁-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၈၈)ခု၌ နိုင်ငံသား(၁၄၉၇)ဦးနှင့် သံသယလူနာ(၆၇)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၄၈)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၂)ခု၌ နိုင်ငံသား(၇၀၅)ဦး၊ သံသယလူနာ(၂)ဦးကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၂၄)ခု၌ နိုင်ငံသား(၃၉၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၉)ခု၌ နိုင်ငံသား(၁၁၃၉)ဦးရှိပြီး သံသယလူနာ(၁)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား သာယာဝတီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၂၃၃)ခု၌ နိုင်ငံသား(၃၇၃၉)ဦးပြီး ဆေးရုံတွင် ရောဂါပိုးတွေ့ရှိသူ(၅၀)ဦးနှင့် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ(၇၀)ဦးရှိကြောင်း …

Read More »

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၁ (ပဲခူး) ========================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်က ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဖြတ်သန်းဝင်ရောက်သည့် နိုင်ငံသားများရှိ၍ ပိုမိုဂရုစိုက်ရန်လိုအပ်ကြောင်း၊ Covid-19 ရောဂါဖြစ်ပွားမှုများသော ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများကို နယ်စပ်ဂိတ်များတွင် စနစ်တကျ ကြီးကြပ်စစ်ဆေးရန်နှင့် လိုအပ်ပါက Facility Quarantine ထားရှိသွားရန်၊ ဆည်/တမံများ ရေသိုလှောင်ထားရှိမှုအခြေအနေများ စစ်ဆေးရန်၊ Covid-19 ကာလအတွင်း အိမ်တွင်းမှု လုပ်ငန်းများအတွက် လိုအပ်သော ထောက်ပံ့ခြင်းများ စနစ်တကျဖြစ်စေရန်နှင့် ယခင်နှစ် ရေကြီးနစ်မြှုပ်မှုများအတွက် ထောက်ပံ့ပေးမည့် အစီအစဉ်များအား သေချာစွာ ဂရုပြုပြီး ဆောင်ရွက်သွားရန်တို့အား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက …

Read More »