Daily Archives: September 13, 2020

စက်တင်ဘာလ(၁၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

13-9

စက်တင်ဘာ ၁၃ (ပဲခူး) ======================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၃-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၀၉)ခု၌ နိုင်ငံသား(၁၅၆၁)ဦးနှင့် သံသယလူနာ(၆၈)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၅၁)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၉၈)ခု၌ နိုင်ငံသား(၆၃၈)ဦး၊ သံသယလူနာ(၂)ဦးကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၃၄)ခု၌ နိုင်ငံသား(၃၅၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၅၂)ခု၌ နိုင်ငံသား(၁၅၄၉)ဦးရှိပြီး သံသယလူနာ(၁)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား သာယာဝတီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၂၉၃)ခု၌ နိုင်ငံသား(၄၁၀၁)ဦးပြီး ဆေးရုံတွင် ရောဂါပိုးတွေ့ရှိသူ(၅၃)ဦးနှင့် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ(၇၁)ဦးရှိကြောင်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု

FI

စက်တင်ဘာ ၁၃ (ပဲခူး) ———————— ပဲခူးတိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိသည့် ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားမှုပိုမိုများပြားလာနေသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးနှင့် ရောဂါပြန့်ပွားမှု မဖြစ်ပေါ်စေရေးတို့အတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးနှင့် တိုင်း/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးမြို့နယ်အတွင်း ကွင်းဆင်း၍ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြသည်၊ ရှေးဉီးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ရွှေဝါထွန်းဟိုတယ်သို့ သွားရောက်ပြီး လူနာများပိုမိုများပြားလာပါက ယာယီကုသဆောင်များအဖြစ် အမြန်ဆုံးအသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းပြုလုပ်ခဲ့ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအား ကုသပေးလျက်ရှိသည့် ပဲခူးပြည်သူ့ဆေးရုံကြီး၏ Isolation Unit(ကလိ)သို့ သွားရောက်ကြည့်ရှုကာ ပိုးတွေ့လူနာ(၅၁)ဦးအား ကုသစောင့်ရှောက်ပေးနေမှု၊ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအား အလှူရှင်များ၏ အစီအစဉ်ဖြင့် အာဟာရကျွေးမွေးနေမှု၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ …

Read More »