Daily Archives: September 14, 2020

စက်တင်ဘာလ (၁၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

14-9

စက်တင်ဘာ ၁၄ (ပဲခူး) ======================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၄-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၁၄)ခု၌ နိုင်ငံသား(၁၅၄၇)ဦးနှင့် သံသယလူနာ(၇၁)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၅၃)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၉၄)ခု၌ နိုင်ငံသား(၅၈၇)ဦး၊ သံသယလူနာ(၂)ဦးကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၃၅)ခု၌ နိုင်ငံသား(၃၉၆)ဦး၊ သံသယလူနာ(၂)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၆၇)ခု၌ နိုင်ငံသား(၁၆၀၈)ဦးရှိပြီး သံသယလူနာ(၁)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား သာယာဝတီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၃၁၀)ခု၌ နိုင်ငံသား(၄၁၃၈)ဦးပြီး ဆေးရုံတွင် ရောဂါပိုးတွေ့ရှိသူ(၅၅)ဦးနှင့် သံသယလူနာအဖြစ် …

Read More »

ကမ္ဘောဇဘဏ်မိသားစုမှ ပဲခူးမြို့ရှိ ပြည်သူများအတွက် COVID-19ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် ပဲခူးဆေးရုံအတွက် အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်း

FI

စက်တင်ဘာ ၁၄ (ပဲခူး) ————————— ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားရှိသည့် ပဲခူးတိုင်းဒေသကြီး COVID-19ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ရုံးသို့ စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ကမ္ဘောဇဘဏ်မိသားစုမှ ပဲခူးမြို့ရှိ ပြည်သူများအတွက် COVID-19ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် ပဲခူးဆေးရုံအတွက် အလှူငွေကျပ်သိန်း(၁၀၀)တို့အား လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်၊ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် ကမ္ဘောဇဘဏ် ပဲခူးဘဏ်ခွဲ(၁)မှ မန်နေဂျာ ဒေါ်သွယ့်သွယ့်အေးနှင့် ဝန်ထမ်းများ၊ COVID-19ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ကမ္ဘောဇဘဏ် ပဲခူးဘဏ်ခွဲ(၁)မှ မန်နေဂျာဒေါ်သွယ့်သွယ့်အေးနှင့် ဝန်ထမ်းများက ပဲခူးမြို့ရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး …

Read More »