Daily Archives: September 16, 2020

စက်တင်ဘာလ(၁၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

16-9

စက်တင်ဘာ ၁၆ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၆-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၂၈)ခု၌ နိုင်ငံသား(၁၈၇၂)ဦးနှင့် သံသယလူနာ(၇၃)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၅၈)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၈၉)ခု၌ နိုင်ငံသား(၆၀၅)ဦး၊ သံသယလူနာ(၁)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား တောင်ငူမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၃၃)ခု၌ နိုင်ငံသား(၄၂၄)ဦး၊ သံသယလူနာ(၂)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၃)ဦးအား ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၈၃)ခု၌ နိုင်ငံသား(၁၇၂၆)ဦးရှိပြီး သံသယလူနာ(၃)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၅)ဦးအား သာယာဝတီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၃၃၃)ခု၌ …

Read More »

ပဲခူးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ Online Meeting ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၆ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ Cabinet အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ Online Meeting ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်းသို့ Covid-19 ရောဂါ Second Wave ကူးစက်ခံရမှုသည် ရခိုင်ဒေသနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြန်လည်ဝင်ရောက်လာကြသူများပင်ဖြစ်ကြောင်း၊  Covid-19 First Wave ၌ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာကြသူများအား ကောင်းမွန်စွာထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးမှ ဝင်/ထွက် ကန့်သတ်မှုများဆောင်ရွက်နေပြီဖြစ်ပြီး စက်တင်ဘာလ လဆန်းပိုင်းမှ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ဒေသတို့မှ ပြန်လည်ဝင်ရောက်လာကြသူများကို သက်ဆိုင်ရာမြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက်  Facility Quarantine ထားရှိရန်လည်း မှာကြားထားပြီးဖြစ်ကြောင်း၊ ပြည်သူတစ်ဦးချင်းမှလည်း ကိုယ်ပိုင်အသိစိတ်ဓါတ်ဖြင့်  သတင်းပေးပို့ရန်လိုအပ်ကြောင်း၊ အဓိအားဖြင့် ကဝ၊ သနပ်ပင်၊ ဖြူး၊ တောင်ငူ၊ မိုးညို၊ …

Read More »

ပဲခူတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမိသားစုမှ ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေး အကာအကွယ်ဝတ်စုံ ဝယ်ယူရန်အတွက် အလှူငွေလှူဒါန်း

FI

စက်တင်ဘာ ၁၆ (ပဲခူး) ———————- ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာအတွင်းရှိ ဝန်ကြီးချုပ်၏နေအိမ် ဧည့်ခန်းမတွင် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းမိသားစုက ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေးအကာအကွယ်ဝတ်စုံ (In Section Gowns) ဝယ်ယူရန်အတွက် အလှူငွေ‌ပေးအပ်လှူဒါန်းကြောင်း သိရသည်။ လှူဒါန်းမှုပြုလုပ်ရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဇနီး ဒေါ်စန်းစန်းမော်၊ သားမောင်ဆက်ဝင်းမာန်၊ သမီးမယွန်းဟေမာန်မိသားစုတို့က သမီးမယွန်းဟေမာန်၏(၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေးအကာအကွယ်ဝတ်စုံ (In Section Gowns)ဝယ်ယူရန်အတွက် အလှူငွေ‌ကျပ်(၅)သိန်းနှင့် ဆေးရုံဝန်ထမ်းများ၊ ဆေးရုံတက်လူနာများ သုံးဆောင်နိုင်ရန်အတွက် ခေါက်ဆွဲ‌ခြောက်ဖာများအား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read More »