Daily Archives: September 19, 2020

စက်တင်ဘာလ(၁၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

စက်တင်ဘာ ၁၉  (ပဲခူး) ======================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၉-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၅)ခု၌ နိုင်ငံသား(၁၉၇၄)ဦးနှင့် သံသယလူနာ(၇၅)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၈၃)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၂)ခု၌ နိုင်ငံသား(၁၀၃၂)ဦး၊ သံသယလူနာ(၃)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား တောင်ငူမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၇၆)ခု၌ နိုင်ငံသား(၆၀၁)ဦး၊ သံသယလူနာ(၃)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၅)ဦးအား ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၀၀)ခု၌ နိုင်ငံသား(၂၂၀၉)ဦးရှိပြီး သံသယလူနာ(၈)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၁၆)ဦးအား သာယာဝတီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၄၄၃)ခု၌ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်မှ မြေယာပြဿနာများဖြေရှင်း၊ ပညာရည်ချွန်ဆုပေးပြီး တံတားများအားကြည့်ရှုစစ်ဆေး

စက်တင်ဘာ ၁၉ (ရေတာရှည်) —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း စက်တင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းအချိန်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံး အစည်းအဝေးခန်းမတွင် မြေယာပြဿနာများဖြေရှင်း‌ပေးခြင်းနှင့် ပညာရည်ချွန်ဆုပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ် ပိတောက်စမ်းကျေးရွာအုပ်စုနှင့် ပီတူးကျေးရွာတို့မှ မြေယာတိုင်ကြားစာများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်‌ဖြေရှင်းပေးခဲ့ပြီး မြောက်နန်ချွန်အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ချို့တဲ့ကျောင်းသားနှစ်ဦးအား စက်ဘီးထောက်ပံ့ပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ တောင်ငူ/ရေတာရှည် မြို့နယ်အုပ်ချုပ်‌‌ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့်အတူ ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်သို့ ဆက်သွယ်သည့် ကျွဲရိုင်းပြင်- ကရင်ချောင်းတံတား ချဉ်းကပ်လမ်းမကြီးပေါ်သို့ တက်ရောက်ဖြတ်သန်းနိုင်မည့် ကျေးရွာလမ်းများ အဆင့်မြင့်တင်ဖောက်လုပ် ဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားကာ တံတားအနီးဝန်းကျင်တွင်လည်း BIO Park လုပ်ငန်းစဥ်များ ဖော်ဆောင်နိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »