Daily Archives: September 20, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ထန်းတပင်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ပစ္စည်းများပေးအပ်

စက်တင်ဘာ ၂၀ (ထန်းတပင်/ ကျောက်ကြီး) ————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၂၀) ရက်နေ့ မွန်းလွှဲပိုင်းအချိန်က သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထန်းတပင်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ထန်းတပင်မြို့နယ် မဲဘလန်ကျေးရွာအုပ်စု၊ မဲဘလန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ဆရာတော်အား လှူဘွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေတို့အား ဆက်ကပ်လှူဒါန်းကာ မဲဘလန်ကျေးရွာ၊ မိချောင်းခေါင်းကျေးရွာနှင့် ညောင်ပင်သာကျေးရွာများတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ပြီး ဒေသခံပြည်သူများအား လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းဖြစ်ပွားနေခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး အသိပညာပေးပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ …

Read More »

စက်တင်ဘာလ(၂၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

စက်တင်ဘာ ၂၀ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၀-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၉)ခု၌ နိုင်ငံသား(၁၉၆၆)ဦးနှင့် သံသယလူနာ(၆၂)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၈၃)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၀)ခု၌ နိုင်ငံသား(၁၀၁၆)ဦး၊ သံသယလူနာ(၄)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား တောင်ငူမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၈၀)ခု၌ နိုင်ငံသား(၆၅၇)ဦး၊ သံသယလူနာ(၁)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၇)ဦးအား ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၀၅)ခု၌ နိုင်ငံသား(၂၂၈၃)ဦးရှိပြီး သံသယလူနာ(၁၂)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၁၉)ဦးအား သာယာဝတီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၄၆၄)ခု၌ …

Read More »