Daily Archives: September 22, 2020

ပဲခူးတိုင်းဒေသကြီး Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ Online Meeting ကျင်းပပြုလုပ်

စက်တင်ဘာ ၂၂ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ Cabinet အစည်းအဝေးခန်းမ စက်တင်ဘာလ(၂၂)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ Online Meeting ပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Covid-19 ရောဂါသည် ပဲခူးတိုင်းဒေသကြီးအတွင်းသို့လည်း ရန်ကုန်၊ ရခိုင် ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများမှတစ်ဆင့် ပြန့်ပွားမှုများရှိကြောင်း၊ သက်ဆိုင်ရာ နယ်စပ်ဝင်ပေါက်များအား အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်ရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်များ ဖြတ်သန်းရာတွင် ပေးပို့ပြီးဖြစ်သည့် SOP ညွှန်ကြားချက်များနှင့်အညီ မြို့နယ်Covid-19 ကော်မတီများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန်၊ မြို့နယ်အလိုက် သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် ပိုးတွေ့လူနာများအတွက် သီးခြားနေရာများ ထပ်မံရှာဖွေထားရန်နှင့် လိုအပ်ချက်များရှိပါက တစ်ပါတည်းတင်ပြပေးရန် ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး Covid-19 …

Read More »

စက်တင်ဘာလ(၂၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

စက်တင်ဘာ ၂၂ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၂-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၇၆)ခု၌ နိုင်ငံသား(၁၉၃၄)ဦးနှင့် သံသယလူနာ(၆၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၀၂)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၅)ခု၌ နိုင်ငံသား(၁၀၁၁)ဦး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၇၃)ခု၌ နိုင်ငံသား(၆၇၃)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၈)ဦးရှိကြောင်း၊  သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၀၅)ခု၌ နိုင်ငံသား(၂၁၅၂)ဦးရှိပြီး သံသယလူနာ(၁၂)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၂၀)ဦးရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၄၆၉)ခု၌ နိုင်ငံသား(၅၇၇၀)ဦးရှိပြီး  သံသယလူနာ(၈၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၂)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »