Daily Archives: September 23, 2020

စက်တင်ဘာလ(၂၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

စက်တင်ဘာ ၂၃ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၃-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၈၀)ခု၌ နိုင်ငံသား(၁၉၆၀)ဦးနှင့် သံသယလူနာ(၅၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၂၂)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၀)ခု၌ နိုင်ငံသား(၁၁၅၂)ဦး၊ သံသယလူနာ(၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၅)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၈၂)ခု၌ နိုင်ငံသား(၇၄၇)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁၁)ဦးရှိ၍ ဆေးကုသမှု ခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၄၃)ခု၌ နိုင်ငံသား(၂၁၅၀)ဦးရှိပြီး သံသယလူနာ(၈)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၂၅)ဦးရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၁၅)ခု၌ နိုင်ငံသား(၆၀၀၉)ဦးရှိပြီး  သံသယလူနာ(၆၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၇၃)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးအခြေစိုက် ပြည်ပစက်မှုဇုန်တွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်ထောက်ပံ့လှူုဒါန်း

စက်တင်ဘာ ၂၃ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ စက်တင်ဘာလ(၂၃)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးအခြေစိုက်၊ ပြည်ပစက်မှုဇုန်းတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော Karisma Apparel(Myanmar) Co., Ltd နှင့် KM Healthcare Myanmar Co., Ltd တို့မှ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လာရောက်ထောက်ပံ့လှူဒါန်းသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့နှင့် ထိစပ်လျက်ရှိပြီး နေ့စဉ်နေရပ်ပြန်များလည်း ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ကူးစက်မှုမြင့်တက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအတွင်းသို့လည်း ကူးစက်မှုများခံရလျက်ရှိကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ Covid-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး ပြင်ပပုဂ္ဂိုလ်များမှ လာရောက်ထောက်ပံ့လှူဒါန်းမှုများကို စနစ်တကျ …

Read More »