Daily Archives: September 24, 2020

စက်တင်ဘာလ(၂၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

စက်တင်ဘာ ၂၄ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၄-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၉၀)ခု၌ နိုင်ငံသား(၂၁၅၅)ဦးနှင့် သံသယလူနာ(၅၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၃၂)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၃)ခု၌ နိုင်ငံသား(၁၅၅၃)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၆)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၈၈)ခု၌ နိုင်ငံသား(၇၉၅)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၉)ဦးရှိ၍ ဆေးကုသမှု ခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၄၈)ခု၌ နိုင်ငံသား(၂၃၁၄)ဦးရှိပြီး သံသယလူနာ(၇)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၂၅)ဦးရှိကြောင်း၊  တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၇၉)ခု၌ နိုင်ငံသား(၆၈၁၇)ဦးရှိပြီး  သံသယလူနာ(၆၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၈၂)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »