Home / 2020 / October / 02

Daily Archives: October 2, 2020

အောက်တိုဘာလ(၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၂ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၁၁)ခု၌ နိုင်ငံသား(၂၁၈၉)ဦးနှင့် သံသယလူနာ(၂၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၆)ခု၌ နိုင်ငံသား(၁၅၈၅)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၃၄)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၃)ခု၌ နိုင်ငံသား(၇၈၂)ဦး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၃)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၉၅)ခု၌ နိုင်ငံသား(၁၉၁၁)ဦးရှိပြီး သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၃၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၇၅)ခု၌ နိုင်ငံသား(၆၄၆၇)ဦးရှိပြီး သံသယလူနာ(၃၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၆၈)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီး Covid-19 ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

အောက်တိုဘာ ၂ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂)ရက်နေ့၊ မွန်းလွဲ(၁:၃၀) အချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအဝင်/အထွက် နယ်စပ်ဂိတ်များတွင် ကုန်တင်ယာဉ်များ ရပ်တန့်ထားပြီး ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးချက်များအား အမြန်ဆုံးစစ်ဆေး ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဘက်မှလည်း ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှု မရှိစေရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့သို့ စစ်ဆေးရာတွင် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များတွင် ရောဂါပိုးတွေ့ရှိသူများလည်း ရှိလာနိုင်မည်ဖြစ်၍ လူနာတင်ယာဉ်များ၊ ရောဂါပိုးတွေ့ရှိသူ ထားရန်နေရာများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်တို့ကိုလည်း စီစဉ်ထားရှိရန်လိုအပ်ကြောင်း၊ Covid-19 ရောဂါပိုး အမြန်ဆုံးစစ်ဆေးနိုင်ရေးအတွက် Test Kit များအား ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာနေရာများသို့ ညတွင်းချင်း အရောက်ပေးပို့နိုင်ရေး ဌာနဆိုင်ရာများမှလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် …

Read More »

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် အောင်မြင်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

အောက်တိုဘာ ၂ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာ လ(၂)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် အောင်မြင်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်း(လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် စစ်ဆေးရေးဌာနခွဲ)က ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းအတွက် Feasibility Study ဆောင်ရွက်နေမှုကိုလည်းကောင်း၊ Feasibility Team တာဝန်ရှိသူ ဒေါက်တာစိုးမိုးကျော်ဝင်းက လေဆိပ်တည်ဆောက်မှုနှင့်ပတ်သက်၍ ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝပိုင်းဆိုင်ရာ၊ လူမှုစီးပွားဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ထိခိုက်မှုမရှိစေရေး စစ်တမ်းကောက်ယူမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက လေယာဉ်ကွင်းအဝင် အဓိကလမ်းမကြီး(၃)ခု လမ်းအူကြောင်းစီစဉ်ထားမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က လေယာဉ်ကွင်းရေပေးဝေနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက မဇင်းဆည်နှင့် ဇလပ်ထော်ဆည်မှ …

Read More »