Home / 2020 / October / 04

Daily Archives: October 4, 2020

အောက်တိုဘာလ(၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၄ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၄-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၂၃)ခု၌ နိုင်ငံသား(၂၃၂၄)ဦးနှင့် သံသယလူနာ(၂၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၄၁)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၀)ခု၌ နိုင်ငံသား(၁၇၀၇)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၅၃)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၄)ခု၌ နိုင်ငံသား(၇၂၀)ဦး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၅)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၁၆)ခု၌ နိုင်ငံသား(၁၈၃၂)ဦးရှိပြီး သံသယလူနာ(၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၁၃)ခု၌ နိုင်ငံသား(၆၅၈၃)ဦးရှိပြီး သံသယလူနာ(၃၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၉၇)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး ပဲခူးတိုင်း‌ဒေသကြီးနှင့် မွန်ပြည် နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

အောက်တိုဘာ ၄ (ပဲခူး) ———————- ပဲခူးတိုင်းဒေသကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ် စသည့် တိုင်းဒေသကြီးပြည်နယ်များနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့်အပြင် ကုန်စည်ပို့ဆောင်ရေး အဓိက လမ်းကြောင်းပေါ်တွင်ရှိနေသဖြင့် ကုန်တင်ယာဉ်ကြီးများ နေ့စဉ်ဖြတ်သန်းသွားလာနေသော တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အားလျော်စွာ ယမန်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်နယ်စပ်တွင် ကုန်တင်ယာဉ်ကြီးများ အစီး(၅၀၀)ခန့် ပိတ်ဆို့နေကြောင်း သိရှိရပါသဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်နယ်စပ် စစ်တောင်းတံတားအနီးရှိ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက် သ‌ပြေကန်အခြေစိုက်စခန်း ရှင်းလင်းဆောင်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဦးဆောင်သည့်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်သည့် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် COVID19 ကာကွယ်၊ …

Read More »