Home / 2020 / October / 06

Daily Archives: October 6, 2020

အောက်တိုဘာလ(၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၆ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၆-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၂၆)ခု၌ နိုင်ငံသား(၂၃၃၄)ဦးနှင့် သံသယလူနာ(၂၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၃၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၇)ခု၌ နိုင်ငံသား(၁၈၁၄)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၆၁)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၀)ခု၌ နိုင်ငံသား(၆၅၄)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၆)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၁၂)ခု၌ နိုင်ငံသား(၁၈၀၆)ဦးရှိပြီး သံသယလူနာ(၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၄)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၁၅)ခု၌ နိုင်ငံသား(၆၆၀၈)ဦးရှိပြီး သံသယလူနာ(၃၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၃၀၅)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအတွက် DOOSAN Co., Ltd မှ Mask များလာရောက်ထောက်ပံ့လှူဒါန်း

အောက်တိုဘာ ၆ (ပဲခူး) ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမသို့ အောက်တိုဘာလ(၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က DOOSAN Engineering & Construction Co., Ltd မှ Mask များ လာရောက်ထောက်ပံ့လှူဒါန်းသည်။ ရှေးဦးစွာ DOOSAN Engineering & Construction Co., Ltd , Director, Mr. Lim Hyun Taek နှင့် Manager, Mr. Shin Yong Cheol တို့က မိမိတို့ကုမ္ပဏီသည် တောင်ငူမြို့နယ်မှ ကမာနတ်သို့ 500 KV ဓါတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး၏ Covid-19 ကာကွယ်ရေးလုပ်ငန်းများတွင် တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်းပြောကြားသည်။ ထို့နောက် DOOSAN Engineering & Construction Co., Ltd , …

Read More »